Tuesday, October 21, 2025
spot_img
spot_img

ချယ်လ်ဆီးအသင်း၏ နယ်သာလန်လူငယ်ကြယ်ပွင့်နောက်ခံလူ  မတ်ဆန်ကိုခေါ်ယူရန် ဗီလာအသင်း သဘောတူညီမှုရရှိ    

ပရီးမီးယားလိဂ်ကလပ်အသင်းတစ်သင်းဖြစ်သည့် အက်စတွန်ဗီလာ အသင်းသည် ချယ်လ်ဆီးအသင်း ဘယ်နောက်ခံလူ အီယန်မတ်ဆန်ကို ခေါ်ယူရန် သဘောတူညီမှုရရှိခဲ့ပြီဖြစ် ကြောင်း သိရသည်။

အသက် (၂၂) နှစ်အရွယ် နယ် သာလန်လက်ရွေးစင်ကစားသမား မတ်ဆန်သည် ပြီးခဲ့သည့် ရာသီဝက်ကာလတွင် ဒေါ့မွန်အသင်းသို့ အငှား သွားရောက်ကစားပြီး ခြေစွမ်းပြနိုင်ခဲ့သည်။ 

၎င်းအနေဖြင့် ဒေါ့မွန်အသင်းနှင့်အတူ ချန်ပီယံလိဂ်ဗိုလ်လုပွဲ တက်ရောက်နိုင်ခဲ့ပြီး ရာသီဝက်သာ ကစားခွင့်ရသော်လည်း ချန်ပီယံလိဂ်ပြိုင်ပွဲ ၏ အကောင်းဆုံးကစားသမား (၁၁) ဦးစာရင်းတွင် ရွေးချယ်ခံခဲ့ရသည်။ 

ဒေါ့မွန်အသင်းက ၎င်းအား အပြီး သတ်ခေါ်ယူနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း ပြောင်းရွှေ့ကြေး ပေါင် (၃၅) သန်းကို ပေးချေလိုခြင်းမရှိသဖြင့် လက်လျှော့ခဲ့ရခြင်း ဖြစ်သည်။
   
သို့ဖြစ်ရာ မတ်ဆန်အနေဖြင့် လာမည့်ရာသီတွင် ချန်ပီယံလိဂ်ဝင်ခွင့်ရထားသည့် ဗီလာအသင်းသို့ ပြောင်းရွှေ့ရန် ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး (၆)နှစ် စာချုပ်ချုပ်ဆိုရန် သဘောတူညီမှုရရှိ ထားပြီဖြစ်ကြောင်း ဗြိတိန်သတင်းဌာနများက ဇွန် (၁၉) ရက်တွင် ဖော်ပြခဲ့ကြသည်။ 

၎င်းအတွက် ပြောင်းရွှေ့ကြေးမှာ Add-ons ကြေးအပေါ်မူတည်၍ ပေါင် (၃၅)သန်းမှ ပေါင်သန်း (၄၀)ဝန်းကျင် ပေးချေရနိုင်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments