◘ PSG – ဘိုင်ယန်မြူးနစ် (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)
PSG တိုက်စစ်မှာ ဘာပေ၊ မက်ဆီနဲ့ နေမာတို့ ပြန်ပွဲထွက်လာနိုင်တယ်။ ကြံ့ခိုင်မှုပိုင်းမှာ အနည်းငယ်ပြဿနာရှိနိုင်ပေမဲ့ သူတို့ရဲ့အရှိန်အဝါက သက်ရောက်မှုကြီးမားနိုင်တယ်။ ဘိုင်ယန်မြူးနစ်က မာကျောပြီးအားကောင်းတဲ့အသင်းဖြစ်တယ်။ ဟန်ချက်လည်းညီတယ်။ နှစ်သင်းစလုံးရဲ့အကောင်းဆုံးပုံစံ မဟုတ်သေးချိန်မှာတောင် ဘိုင်ယန်မြူးနစ်ရဲ့မာကျောမှုကို ပိုအသိအမှတ်ပြုချင်တယ်။ သရေကျနိုင်တယ်။

◘ အေစီမီလန် – စပါး (မြန်မာစံတော်ချိန် ဖေဖော်ဝါရီလ ၁၅ ရက် နံနက် ၂း၃၀ နာရီ)
ကွန်တီက စီးရီးအေနည်းပြဘဝမှာ အေစီမီလန်ကို အကြိမ်ကြိမ် ကျော်ဖြတ်ပြခဲ့ဖူးတယ်။ အနိုင်ယူပြခဲ့ဖူးတယ်။ ဒါပေမဲ့ အဲဒီအချိန်တွေနဲ့မတူတာက အေစီမီလန်ကလည်း အခုအချိန်မှာ အားကောင်းတဲ့အသင်း၊ အဆိပ်ရှိတဲ့အသင်းဖြစ်နေပြီး စပါးအသင်းကတော့ ခြေမသိပ်မငြိမ်တဲ့ အနေအထားဖြစ်နေတယ်။ နောက်ဆုံးပွဲမှာလည်း လက်စတာကို ဂိုုးပြတ်ရှုံးခဲ့တာက စိတ်ပိုင်းဆိုင်ရာကို ထိခိုက်စေတယ်။ ဒါကြောင့် ဆန်စီရိုမှာ အေစီမီလန်ကို ပိုကြိုက်တယ်။







