အာဆင်နယ် အသင်း နည်းပြ အာတီတာ ဟာ လန်းစ် အသင်း နဲ့ ချန်ပီယံလိဂ် အုပ်စု ပွဲစဉ်မတိုင်မှီ အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာကာ ၊ ပါတေး တို့ရဲ့ကြံ့ခိုင်မှု အခြေအနေ အကြောင်း သတင်းကောင်း ပြောကြား သွားခဲ့ပါတယ် ။
ပါတေး နှင့် ဆာကာ တို့ နှစ်ဦးစလုံးဟာ ဒီရာသီမှာ ဒဏ်ရာ ပြဿနာတွေ နဲ့ ရုန်းကန် နေရသူ တွေ ဖြစ်ပါတယ် ။ ဆာကာ ဟာ စပါး နဲ့ ပွဲမှာ ဒဏ်ရာ ပြဿနာ ကြုံခဲ့ရတာ ဖြစ်ပြီး ဘရန့်ဖိုဒ့် နဲ့ ခါရာဘောင်း ဖလား ပွဲစဉ်ကို လွဲချော် ခဲ့ရပါတယ် ။ ဆာကာ ဟာ ဒီတစ်ပတ် ဘုန်းမောက် နဲ့ ပွဲမှာတော့ အာဆင်နယ် အတွက် ပြန်လည် ပါဝင် ကစားခဲ့ပြီး တစ်ဂိုး သွင်းယူ ပေးခဲ့ပါတယ် ။

ပွဲအပြီးမှာ အာတီတာ က ဆာကာ ဟာ ဒဏ်ရာ ပြဿနာ အသေးစားလေး ရှိနေခဲ့ကြောင်း ပြောကြား ခဲ့ဝာာကြောင့် လန်းစ် နဲ့ ပွဲမှာ ပါဝင် ကစားဖို့ မသေချာတဲ့ အနေအထားမှာ ရှိခဲ့ပါတယ် ။ ဒါပေမယ့် ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာတော့ အာတီတာ က ဆာကာရဲ့ကြံ့ခိုင်မှု အခြေအနေနဲ့ ပတ်သက်ပြီး အပေါင်း လက္ခဏာဆောင်တဲ့ သတင်းတွေကို ပြောကြား သွားခဲ့ပါတယ် ။

” ဆာကာ က အဆင်ပြေပါတယ် ။ သူ့ ရဲ့ ကြံ့ခိုင်မှု အခြေအနေ က ပိုကောင်းလာပါပြီ ။ ဒဏ်ရာ ပြဿနာ ရှိခဲ့ပေမယ့် ပြန်လည် သက်သာလာပါပြီ ။ သူ ဒီကနေ့ အသင်းနဲ့ အတူ လေ့ကျင့်ခန်း ပြန်ဆင်း နေပါတယ် ။ ”
ပေါင်ခြံ ဒဏ်ရာကြောင့် အာဆင်နယ် အသင်း ရဲ့ ပြိုင်ပွဲစုံ နောက်ဆုံး ၆ ပွဲဆက် လွဲချော် ထားခဲ့ရတဲ့ ပါတေး နဲ့ ပတ်သက်ပြီးလည်း အာတီတာ က ” ပြီးခဲ့တဲ့ နှစ်ပတ်အတွင်း သူ့ရဲ့ဒဏ်ရာ က ကောင်းကောင်း တိုးတက် လာပါတယ် ။ လွန်ခဲ့တဲ့ ၂ ရက် ၃ ရက်မှာကတည်းက သူက အသင်း နဲ့ အတူ လေ့ကျင့်ခန်း ဆင်းနေတာပါ ၊ ဒါက ကျနော်တို့ အတွက် တကယ့် သတင်းကောင်းပါပဲ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။






