အက်သလက်တီကို – ဖီယင်နု (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
အက်သလက်တီကိုက လာလီဂါမှာ အဆင့် ၆ ရောက် နေပြီး၊ ဖီယင်နုကတော့ နယ်သာလန်လိဂ်မှာ အဆင့် ၃ နေရာ မှာ ရပ်တည်နေတယ်။ နှစ်သင်းစလုံး ခြေစွမ်းက မဆိုးဘူးလို့ပြော လို့ရတယ်။ အက်သလက်တီကိုက ဒီပွဲမတိုင်ခင် အိမ်ကွင်းပွဲ စဉ်မှာ ရီးယဲလ်မက်ဒရစ်ကို ဂိုးပြတ်အနိုင်ရထားတာကိုလည်း တွေ့ရတယ်။ ဖီယင်နုရဲ့ ခြေစွမ်းက မဆိုးပေမယ့် အက်သလက် တီကိုရဲ့ ဥရောပ အတွေ့အကြုံနဲ့ အိမ်ကွင်း ခြေစွမ်းအရဆိုရင် အက်သလက်တီကိုပဲ နိုင်ပွဲရမယ်။
အန့်ဝပ် – ရှက်တာဒိုးနတ် (ဗုဒ္ဓဟူးည ၁၁း၁၅ နာရီ)
အန့်ဝပ်က ဘာစီလိုနာကို ရှုံးခဲ့တဲ့ပွဲက ပုံစံကတော်တော် လေး အားနည်းပါတယ်။ ရှက်တာဒိုးနက်ကလည်း အဖွင့်ပွဲစဉ်မှာ ပေါ်တိုကို အိမ်ကွင်းမှာပဲ ဂိုးပြတ်ရှုံးခဲ့တယ်။ ဒီပွဲက ရှက်တာဒိုး နက် ၃ မှတ် ပြန်ယူရမယ့်ပွဲဖြစ်ပြီး အဝေးကွင်းမှာ လုပ်ပြနိုင်မ လားဆိုတာကိုပဲ စောင့်ကြည့်ရမယ်။ လက်ရှိ အခြေအနေအ ရတော့ ရှက်တာကို ကြိုက်တယ်။
ဆဲလ်တစ် – လာဇီယို (ကြာသပတေးနံနက် ၁း၃၀ နာရီ)
အဖွင့်ပွဲမှာ ဆဲလ်တစ်က အဝေးကွင်းမှာ ဖီယင်နုကို ရှုံး ခဲ့ပြီး ခြေစွမ်းလည်း ကွာပါတယ်။ စကော့တလန်လိဂ်မှာ အေး အေးဆေးဆေး ဦးဆောင်နေပေမယ့် ဒီပြိုင်ပွဲမှာတော့ အားနည်း တဲ့အသင်းပါပဲ။ လာဇီယိုက အက်သလက်တီကိုကို အိမ်ကွင်း မှာ သရေကစားခဲ့ပေမယ့် ခြေစွမ်းတော့ နိမ့်တယ်။ ဒါပေမဲ့ ဆဲလ် တစ်ကွင်းမှာလည်း အနိမ့်ဆုံး ၁ မှတ် ယူနိုင်ပါတယ်။
ဒေါ့မွန် – အေစီမီလန် (ကြာသပတေးနံနက် ၁း၃၀ နာရီ)

ဒေါ့မွန်က နောက်ဆုံးကစားခဲ့တဲ့ပွဲမှာ ဟော်ဖန်ဟင်မ် ကို ခြေစွမ်းပြ အနိုင်ရခဲ့တယ်။ အဓိက အချက်ကတော့ အဆုံးသတ် ပိုင်း အားသာမှုဖြစ်ပြီး ဂိုးပေါက်ကန်သွင်းခွင့် ၆ ကြိမ်မှာ၊ ၅ ကြိမ် ဂိုးပေါက်တည့်ပြီး ၃ ဂိုးရခဲ့ခြင်းဖြစ်တယ်။ အေစီမီလန်အသင်းက လည်း လာဇီယိုနဲ့ပွဲမှာ နိုင်ပွဲရခဲ့ပြီး ပီအိုလီရဲ့အသင်းက Form ပြန်ကောင်းနေတာတွေ့ရတယ်။ အေစီမီလန်တိုက်စစ်ပိုင်းမှာ လီယာအိုမကစားနိုင်ပေမယ့် တိုက်စစ်အင်အားတောင့်ပါတယ်။ ဒေါ့မွန်ဆီက သရေယူနိုင်လိမ့်မယ။်
နယူးကာဆယ် – PSG (ကြာသပတေးနံနက် ၁း၃၀ နာရီ)

လက်တလောရလဒ်တွေအရ နယူးကာဆယ်က ပုံစံကောင်းပြန်ရနေတာ တွေ့ရတယ်။ အီဆက်ခ်က ဂိုးတွေသွင်းနေသ လို နယူးကာဆယ်ရဲ့အသင်းလိုက် ကစားပုံကလည်း ကျစ်လျစ်မာကျောတာကို တွေ့ရတယ်။ PSG အသင်းနည်းပြ လူးဝစ်အန် နရီကေးက ဒီပွဲမှာ အဓိက ကစားသမားတော်တော်များများကို အသုံးပြုခွင့်ရမှာဖြစ်ပြီး အဆန်စီယို၊ နူနိုမန်ဒက်စ်၊ ဆာဂျီယိုရီ ကိုတို့ မပါဝင်နိုင်ဘူး။ နယူးကာဆယ်ကလည်း ကစားသမား ၅ ယောက်လောက် ဒဏ်ရာပြဿနာတွေရှိနေတာတွေ့ရတယ်။ PSG က ဥရောပ အတွေ့အကြုံရင့် အသင်းတစ်သင်းဖြစ်ပြီး ဘော့တ်မန်းမပါတဲ့ ခံစစ်က ဒမ်ဘီလီ၊ မူအာနီ၊ အမ်ဘာပေတို့ရဲ့တိုက် စစ်ကို ခက်ခက်ခဲခဲ ထိန်းချုပ်ရနိုင်တယ်။ PSG ၁-၂ လောက်နဲ့ နိုင်မယ်။
လိုက်ပ်ဇစ် – မန်စီးတီး (ကြာသပတေးနံနက် ၁း၃၀ နာရီ)
မန်စီးတီးက ရာနှုန်းပြည့် နိုင်ပွဲဆက်နေတဲ့ အနေအထား ကနေ နောက်ဆုံးကစားခဲ့တဲ့ နှစ်ပွဲမှာ နယူးကာဆယ်ကို Carabao Cup နဲ့ ဝုလ်ဗ်ကို ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆက်တိုက် ရှုံးခဲ့တယ်။ အသင်းရဲ့ တိုက်စစ်ပိုင်းက နည်းနည်းလေးစွမ်း ဆောင်ရည်ကျဆင်းလာတာကိုလည်း တွေ့ရတယ်။ လိုက်ပ် ဇစ်က ပုံစံကောင်းပြနေတဲ့အသင်းဖြစ်ပြီး နောက်ဆုံးပွဲမှာလည်း ဘိုင်ယန်မြူးနစ်ကို အနိုင်ရလုနီးပါး ကစားခဲ့တယ်။ လိုက်ပ်ဇစ် ကို ကြိုက်တယ်။
ဇဗက်ဒါ – ယန်းဘွိုင်းစ် (ကြာသပတေးနံနက် ၁း၃၀ နာရီ)
မန်စီးတီးကို ၃-၁ နဲ့ ရှုံးခဲ့တဲ့ပွဲမှာ ဇဗက်ဒါကစားခဲ့တဲ့ ခြေ စွမ်းက တော်တော်လေး အားရစရာကောင်းပါတယ်။ မာကျောမှု ရှိသလို ကစားသမားတွေရဲ့တစ်ဦးချင်း ခြေစွမ်းလည်း မဆိုးဘူး။ ယန်ဘွိုင်းစ်ကလည်း လိုက်ပ်ဇစ်ကို ဂိုးပြတ်ရှုံးခဲ့တာကို တွေ့ရ တယ်။ ဒီပွဲက ခြေသိပ်မကွာပေမယ့် ဇဗက်ဒါ အိမ်ကွင်းဖြစ်လို့ ဇဗက်ဒါ ကို ကြိုက်တယ်။
ပေါ်တို – ဘာစီလိုနာ (ကြာသပတေးနံနက် ၁း၃၀ နာရီ)
ပေါ်တိုက နောက်ဆုံးကစားခဲ့တဲ့ ပေါ်တူဂီ ဒါဘီပွဲစဉ်မှာ ဘင်ဖီကာကို ၁-၀ နဲ့ ရှုံးခဲ့တယ်။ ဘာစီလိုနာကတော့ ဆီဗီလာ ကို တစ်ဂိုးတည်းနဲ့ ကပ်နိုင်ခဲ့တယ်။ ချန်ပီယံလိဂ် အဖွင့်ပွဲစဉ် မှာ ပေါ်တိုရော၊ ဘာစီလိုနာတို့ပါ နိုင်ပွဲ ကိုယ်စီယူထားကြပြီး ဒီ ပွဲမှာ အနိုင်ရတဲ့အသင်းက နောက်တစ်ဆင့်အတွက် အလား အလာကောင်းသွားနိုင်တယ်။ ပေါ်တိုရဲ့ ခြေစွမ်းကို လျှော့တွက် လို့မရပေမယ့် လက်ရှိ ဘာစီလိုနာရဲ့ ခြေစွမ်းက တော်တော် လေး ကောင်းပါတယ်။ ဘာစီလိုနာကို ကြိုက်တယ်။






