Wednesday, February 11, 2026
spot_img
spot_img

ချန်ပီယံလိဂ်ဖလား ရယူရန်ရည်မှန်းထားဟု လီယာအို ဆို

အေစီမီလန်တိုက်စစ်ကစားသမား လီယာအိုက မိမိတို့အနေဖြင့် ချန်ပီယံလိဂ်ဖလား ရယူရန် ရည်မှန်းထားကြောင်း နာပိုလီနှင့်ပွဲအပြီးတွင် ပြောကြားခဲ့သည်။

လီယာအိုသည် နာပိုလီ (၁-၁) အေစီမီလန်ပွဲတွင် ဂျရူးသွင်းယူခဲ့သည့်ဂိုးကို တစ်ကိုယ်တော်အစွမ်းဖြင့် ဖန်တီးပေးခဲ့သူဖြစ်သည်။

အေစီမီလန်အသင်းအနေဖြင့် နာပိုလီကို နှစ်ကျော့ပေါင်း (၂-၁) ဂိုးဖြင့် အနိုင်ရပြီးနောက် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့သည်။

အဆိုပါပွဲစဉ်အပြီးတွင် လီယာအိုက ”ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်ကို တက်ရောက်နိုင်ခဲ့တဲ့အတွက် ကျွန်တော် အရမ်းပျော်ပါတယ်။ ကျွန်တော်တို့အနေနဲ့ ရည်မှန်းချက်မြင့်မြင့်ထားနေကြပြီး ချန်ပီယံလိဂ်ဖလားကို ရယူဖို့ အိပ်မက်မက်နေကြပါတယ်။ ကျွန်တော်တို့ဟာ ချန်ပီယံလိဂ်နဲ့ လက်တစ်ကမ်းအကွာကို ရောက်ရှိနေပြီး နောက်ဆုံးအချိန်ထိ အစွမ်းကုန် ကြိုးစားသွားမှာပါ”ဟု ပြောကြားခဲ့သည်။

အေစီမီလန်အသင်းသည် ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်တွင် မီလန်မြို့ခံပြိုင်ဘက် အင်တာမီလန်နှင့်တွေ့ဆုံမည်ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments