Tuesday, January 20, 2026
spot_img
spot_img

ချန်ပီယံလိဂ်ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခြေအမြင့်ဆုံးအသင်းအဖြစ် ဘာစီလိုနာအသင်း (၈၄) ရာခိုင်နှုန်းဖြင့် ထိပ်ဆုံးတွင် ရပ်တည်

လာလီဂါထိပ်တန်းကလပ်အသင်းတစ်သင်းဖြစ်သည့် ဘာစီလိုနာအသင်းသည် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်များအပြီးတွင် ကွာတားဖိုင်နယ်ရောက် အသင်း (၈) သင်းအနက် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်ရန် အလားအလာအကောင်းဆုံးအသင်းအဖြစ် ရပ်တည်နေကြောင်း သိရှိရသည်။

အသင်းများ၏ ခြေစွမ်း၊ လက်ရှိရလဒ်နှင့် အခြေအနေများအပေါ် မူတည်ကာ အချက်အလက်သိပ္ပံသမားများက အယ်လ်ဂိုရစ်သမ်များတည်ဆောက်ကာ တွက်ချက်မှုပြုလုပ်ချက်များအရ ဘာစီလိုနာအသင်းသည် ဆီမီးဖိုင်နယ်အဆင့်သို့ တက်ရောက်နိုင်ခြေမှာ (၈၄) ရာခိုင်နှုန်းအထိ ရှိနေပြီး ပြိုင်ဘက် PSG အသင်းကမူ (၁၆) ရာခိုင်နှုန်းသာ ရှိနေကြောင်းသိရှိရသည်။

ဘာစီလိုနာအသင်းသည် ကွာတားဖိုင်နယ်ပွဲစဉ် (၄)ပွဲအနက် အဝေးကွင်းတွင်း အနိုင်ရသည့် တစ်သင်းတည်းသော အသင်းလည်းဖြစ်ပြီး ကျန်ပွဲစဉ် (၃) ပွဲတွင်မူ ရီးယဲလ်မက်ဒရစ်-မန်စီးတီး၊ အာဆင်နယ်- ဘိုင်ယန်မြူးနစ် ပွဲစဉ်များမှာ သရေရလဒ်များဖြင့်သာ အဆုံးသတ်ခဲ့ပြီး အိမ်ရှင်အသင်းများထဲတွင် အက်သလက်တီကိုမက်ဒရစ်အသင်း တစ်သင်းသာ အနိုင်ရရှိခဲ့ခြင်းလည်း ဖြစ်သည်။

ပထမအကျော့ရလဒ်များနှင့် အသင်းများ၏ ခြေစွမ်းများ အပေါ် မူတည်ကာ တွက်ချက်မှုများအရ ရီးယဲလ်မက်ဒရစ်-မန်စီးတီးပွဲအပြီးတွင် မန်စီးတီးအသင်းက ဆီမီးဖိုင်နယ်တက် ရောက်ရန်အတွက် (၆၈း၃၂) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အက်သလက်တီကို-ဒေါ့မွန်ပွဲအပြီးတွင် အက်သလက်တီကိုမက်ဒရစ်အသင်းက (၆၅း၃၅) ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ အာဆင်နယ်-ဘိုင်ယန်မြူးနစ်ပွဲအပြီးတွင် ဘိုင်ယန်မြူးနစ်အသင်းက (၅၉း၄၁) ရာခိုင်နှုန်းဖြင့်လည်းကောင်း အသီးသီးရပ် တည်လျက်ရှိသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments