Wednesday, January 14, 2026
spot_img
spot_img

ချန်ပီယံဖြစ်နိုင်သည့် အရည်အသွေးရှိကြောင်း သက်သေပြရန် မန်စီးတီးကို အနိုင်ကစားရမည်ဟု ဒက်ကလန်ရိုက်စ် ဆို

အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က မိမိတို့အသင်းအနေဖြင့် ပရီးမီးယားလိဂ်ချန်ပီယံဖြစ်နိုင်သည့် အရည်အသွေးရှိကြောင်း သက်သေပြရန်အတွက် လက်ရှိချန်ပီယံ မန်စီးတီးအသင်းကို အဝေးကွင်းတွင် အနိုင်ကစားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ 

ယခုရာသီ ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို ဦးဆောင်နေသည့် အာဆင်နယ် အသင်း (၆၄ မှတ်)သည် ယနေ့ညတွင် တတိယနေရာမှ တစ်မှတ်သာ ကွာဟသည့် မန်စီးတီးအသင်း (၆၃ မှတ်) ကို အဝေးကွင်းတွင် သွားရောက်ကစားရမည်ဖြစ်သည်။ 

အာဆင်နယ်အသင်းသည် လက်ရှိတွင် ပရီးမီးယားလိဂ်အမှတ်ပေးဇယားကို လီဗာပူးလ်အသင်းနှင့် ရမှတ်တူ ဂိုးကွာခြားချက်အသာဖြင့် ဦးဆောင်နေသော်လည်း ဘွက်ကီဒိုင်များ၏ ဗိုလ်စွဲရန်အလေးပေးမှုတွင် မန်စီးတီးနှင့် လီဗာပူးလ်အသင်းတို့၏ နောက်၌သာ ရှိနေသည်။ 

အာဆင်နယ်ကွင်းလယ်ကစားသမား ဒက်ကလန်ရိုက်စ်က မန်စီးတီးအိမ်ကွင်း အီတီဟတ်၌ ကစားမည့်ပွဲမှာ ခက်ခဲသည့်ပွဲစဉ်တစ်ပွဲဖြစ်လာမည်ဖြစ်သော်လည်း အနိုင်ရမည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့ခြင်းဖြစ်သည်။ 

ဒက်ကလန်ရိုက်စ်က “အီတီဟတ်မှာ မန်စီးတီးအသင်းကို ရင်ဆိုင်ရမယ့်ပွဲက ကျွန်တော်တို့အတွက် ခက်ခဲတဲ့ပွဲစဉ်တစ်ပွဲ ဖြစ်လာမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ပရီးမီးယားလိဂ်ချန်ပီယံဆုကို ရယူနိုင်တဲ့အရည်အချင်းရှိကြောင်း သက်သေပြဖို့အတွက် သူ တို့ကို အနိုင်ကစားဖို့လိုပါတယ်။ ကျွန်တော်တို့အသင်းဟာ အကောင်းဆုံးအသင်းတွေထဲမှာ အပါအဝင်ဖြစ်တယ်ဆိုတာကို ပြသရမှာပါ။ လက်ရှိမှာ မန်စီးတီးက ကမ္ဘာ့အကောင်းဆုံးအသင်းဖြစ်ပေမဲ့ ကျွန်တော်တို့အနေနဲ့ အီတီဟတ်မှာ ရလဒ်ကောင်းရမယ်လို့ ယုံကြည်မှုရှိပါတယ်”ဟု ပြောကြားခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments