Tuesday, January 13, 2026
spot_img
spot_img

ချန်ပီယံဆု အတွက် အာဆင်နယ် အသင်း အဓိက ယှဉ်ပြိုင်ရမယ့် အသင်း နာမည်ကို ပြောကြားလိုက်တဲ့ ဘားကမ့်

ဂန်းနား ဂန္တဝင် တိုက်စစ်မှူးဟောင်း ဒန်းနစ် ဘားကမ့် က သူ့ရဲ့ အသင်းဟောင်း အာဆင်နယ် အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူ နိုင်တဲ့ အနေအထားမှာ ရှိနေပြီး မန်စီးတီးထက်စာရင် လီဗာပူး အသင်း နဲ့ အဓိကယှဉ်ပြိုင် ရလိမ့်မယ်လို့ ထင်ကြောင်း ပြောကြား လိုက်ပါတယ် ။

ဂန်းနားတို့ဟာ ဒီတစ်ပတ်မှာ လီဗာပူး အသင်း ရဲ့ အိမ်ကွင်းမှာ သွားရောက် ကစားရဖို့ ရှိပြီး အမှတ်ပေး ဇယား ထိပ်ဆုံးမှာ ဆက်လက် ရပ်တည် နိုင်ဖို့ အတွက် နိုင်ပွဲ ရယူဖို့ လိုအပ်နေပါတယ် ။ အာဆင်နယ် အသင်းဟာ လီဗာပူး အသင်း ရဲ့ အိမ်ကွင်းမှာ လိဂ်နိုင်ပွဲ မရတော့တာ ၂၀၁၂ ခုနှစ် နောက်ပိုင်းကတည်းက ဖြစ်ပြီး ဆယ်စုနှစ် တခု ကျော်သွားခဲ့ပါပြီ ။

ဘားကမ့်ကတော့ ချန်ပီယံဆု အတွက် အာဆင်နယ် အသင်း အဓိက ယှဉ်ပြိုင်ရမယ့် အသင်းဟာ လက်ရှိ ချန်ပီယံ မန်စီးတီး မဟုတ်ဘဲ လီဗာပူး အသင်း ဖြစ်တယ်လို့ ဆိုလိုက်ပါတယ် ။ ” အာဆင်နယ် ရဲ့အဓိက ပြိုင်ဘက်က လီဗာပူး အသင်း ဖြစ်တယ်လို့ ကျနော်ကတော့ ထင်ပါတယ် ။ လီဗာပူး နှင့် မန်ယူနိုက်တက် ပွဲကို ကြည့်ဖြစ်တော့ လီဗာပူး အရန်ခုံကို မြင်လိုက်တာနဲ့ သူတို့မှာ သူနဲ့သူ ရှိနေတာပဲ ဆိုတဲ့ ခံစားချက်ကြီး ရလာတာပါပဲ ။ ”

” ဒဏ်ရာရနေကြတဲ့ လီဗာပူး ကစားသမားတွေသာ ပြန်ကစား နိုင်ကြရင် သူတို့က ချန်ပီယံဆုကို စိန်အခေါ်နိုင်ဆုံး အသင်း ဖြစ်ပါလိမ့်မယ် ။ အခု အခြေအနေကိုသာ သူတို့ ကောင်းကောင်း ကိုင်တွယ် ကျော်ဖြတ်နိုင်ရင် ကစားသမားတွေ ပြန်ကောင်းလာတဲ့ အချိန်ကျ ‌အကျိုးကျေးဇူး ကြီးကြီးမားမား ခံစားရမှာပါ ။ ” လို့ ပြောကြား သွားခဲ့ပါတယ် ။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments