Thursday, January 15, 2026
spot_img
spot_img

ခဗာရက်စ်ခီလီယာနေရာအတွက် ယူနိုက်တက်စတားနဲ့ အစားထိုးမယ့် ကွန်တီ

သတင်းတွေအရ နာပိုလီအသင်းနည်းပြ ကွန်တီဟာ တောင်ပံကစားသမား ခဗာရက်စ်ခီလီယာနေရာအတွက် ယူနိုက်တက်စတား ဂါနာချိုနဲ့ အစားထိုးဖို့ ပြင်ဆင်ထားတယ်လို့ သိရပါတယ်။ စနေနေ့တုန်းက ကွန်တီက ခဗာရက်စ်ခီလီယာအနေနဲ့ အခုဇန်နဝါရီမှာ အသင်းကနေထွက်ခွာနိုင်တယ်လို့ အတည်ပြုခဲ့ပါတယ်။

အီတလီသတင်းတွေအရ ပီအက်စ်ဂျီအသင်းဟာ ဂျော်ဂျီယာသားကို ပေါင် ၅၉ သန်းနဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတယ်လို့ သိရပါတယ်။ ခဗာရက်စ်ခီလီယာနေရာအတွက် နာပိုလီအသင်းဘက်က ကစားသမားအစားထိုးဖို့ ရှာဖွေနေပြီး ကွန်တီက ဂါနာချိုကို ထိပ်တန်းပစ်မှတ်အဖြစ်သတ်မှတ်ထားတယ်လို့ သိရပါတယ်။သတင်းတွေအရ နာပိုလီအားကစားဒါရိုက်တာ မန်နာတစ်ယောက် ဂါနာချိုကိုခေါ်ယူဖို့ ယူနိုက်တက်နဲ့စတင်စကားပြောဆိုနေပြီလို့ သိရပါတယ်။

ဂါနာချိုဟာ ယူနိုက်တက်နည်းပြသစ် အာမိုရင်လက်အောက်မှာ ပွဲထွက်ခွင့်နည်းပါးလာခဲ့ပြီး နောက်ဆုံး ၄ ပွဲဆက် ပွဲဦးထွက်ပါဝင်ခွင့်မရထားခဲ့တာဖြစ်ပါတယ်။ အစောပိုင်းသတင်းတွေအရ ယူနိုက်တက်ဟာ ဂါနာချို နဲ့ မီနူးတို့အတွက် ကမ်းလှမ်းမှုတွေကို နားစွင့်နေတယ်လို့ သိရပါတယ်။ အခုချိန်မှာတော့ အသက် ၂၀ အရွယ်ကစားသာမးဟာ အသင်းအတွက် အာရုံစိုက်နေပြီး လာမယ့်အာဆင်နယ်နဲ့အက်ဖ်အေဖလားပွဲမှာ ပါဝင်လာဖွယ်ရှိနေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments