Tuesday, January 13, 2026
spot_img
spot_img

ခန့်မှန်းရခက်ခဲမယ့် စပိန်စူပါဖလားအယ်လ်ကလက်စီကိုဗိုလ်လုပွဲကို မျှော်လင့်စောင့်စားနေတဲ့ အန်ဆယ်လော့တီ

ပုံစံကောင်းရနေတဲ့ မာယော့ကာကို ခက်ခက်ခဲခဲအနိုင်ယူခဲ့တဲ့ စပိန်စူပါဖလားဆီမီးဖိုင်နယ်ပွဲစဉ်အပြီး ရီးရဲလ်မက်ဒရစ်နည်းပြအန်ဆယ်လော့တီက လာမယ့်တနင်္ဂနွေနေ့၊ စပိန်စူပါဖလားဗိုလ်လုပွဲအဖြစ် ဘာစီလိုနာနဲ့ ရင်ဆိုင်ရချိန် မမျှော်မှန်းထားနိုင်တဲ့အရာတွေ ဖြစ်လာနိုင်တယ်လို့ ပရိသတ်တွေဆီ အကြံပြုခဲ့ပါတယ်။

ဘယ်လင်ဟမ်၊ ရိုဒရီဂိုတို့ရဲ့ဒုတိယပိုင်းသွင်းဂိုးတွေက မာယော့ကာကို သုံးဂိုးပြတ်အနိုင်ယူပြီး အခြားဆီမီးဖိုင်နယ်ပွဲစဉ်အဖြစ် ဘီလ်ဘာအိုကို အနိုင်ယူခဲ့တဲ့ ဘာစီလိုနာနဲ့ ဗိုလ်လုပွဲမှာ ထိပ်တိုက်တွေ့ဆုံဖို့ ကူညီပေးခဲ့ပါတယ်။ ကြာသပတေးနေ့၊ သတင်းထောက်တွေနဲ့တွေ့ဆုံချိန် အန်ဆယ်လော့တီက “ အခုနောက်ပိုင်း အယ်လ်ကလက်စီကိုပွဲစဉ်တွေက ခန့်မှန်းလို့မရတော့ပါဘူး။

ပြီးခဲ့တဲ့နှစ်၊ စပိန်စူပါဖလားပွဲစဉ်လို ကျွန်တော်တို့ ၄-၁ ဂိုးနဲ့ အလွယ်တကူအနိုင်ရရှိတဲ့ ပွဲစဉ်မျိုးတွေလည်း ရှိခဲ့ပါတယ်။ ဘာစီလိုနာမြို့မှာလည်း ကျွန်တော်တို့တွေ ၄-၀ ဂိုးနဲ့ နှစ်ကြိမ် အနိုင်ရရှိခဲ့ဖူးပါတယ်။ တဖက်မှာလည်း သူတို့တွေက ဘာနေဗျူးမှာ ၄-၀ ဂိုးနဲ့ အနိုင်ယူခဲ့ဖူးပါတယ်။

အခုလာမယ့်ပွဲစဉ်မှာလည်း ဘယ်လိုမျိုးတွေ ဖြစ်လာဦးမလဲဆိုတာ တွေးကြည့်ဖို့တောင် ခက်ခဲလွန်းပါတယ်။ ကွင်းတွင်းစွမ်းဆောင်ရည်ပိုင်းတွေကြောင့် ဖျော်ဖြေမှုပေးမယ့် ပွဲစဉ်တစ်ခု ဖြစ်လာနိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့က ဘာစီလိုနာထက် ပိုကောင်းတဲ့ အခြေအနေမျိုးနဲ့ အဆုံးသတ်ချင်တယ်ဆိုတာလည်း သေချာပါတယ်”လို့ ပြောပါတယ်။

Ancelotti expects unpredictable Spanish Super Cup final

လာလီဂါအမှတ်ပေးဇယားမှာ မာယော့ကာထက် ၁၃ မှတ်အသာရနေတဲ့ အန်ဆယ်လော့တီရဲ့အသင်းက အခုပွဲစဉ်မှာတော့ ယမန်နှစ်ဘောလုံးရာသီ၊ ကိုပါဒယ်လ်ရေးဖလားဖိုင်နယ်အထိ တက်ရောက်နိုင်ခဲ့တဲ့ ပြိုင်ဘက်ကို ဂိုးသွင်းယူနိုင်ဖို့ အချိန်တစ်ခု စောင့်ဆိုင်းခဲ့ရပါတယ်။ ပွဲကစားချိန်တစ်နာရီနီးပါးမှာတော့ အင်္ဂလန်လက်ရွေးစင်ဘယ်လင်ဟမ်က ရီးရဲလ်မက်ဒရစ်အတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

အန်ဆယ်လော့တီက “ ကျွန်တော်တို့ ပွဲကို အကောင်းဆုံးစတင်နိုင်ခဲ့ပါတယ်။ ဒါပေမယ့် ပထမပိုင်းပွဲချိန်အစောပိုင်းကတည်းက ကျွန်တော်တို့တွေ ဂိုးသွင်းနိုင်ခဲ့သင့်ပါတယ်။အကောင်းဆုံးစတင်နိုင်ခဲ့ပြီးနောက် ပွဲက ကျွန်တော်တို့အတွက် ပိုပြီးခက်ခဲလာခဲ့ပါတယ်။ မာယော့ကာရဲ့ ကစားပုံကြောင့် တောင်းဆိုမှုပိုများပြားတဲ့ ပွဲစဉ်မျိုး ဖြစ်လာခဲ့ပါတယ်။ သူတို့တွေက ခံစစ်ကို အကောင်းဆုံးကစားပြီး နေရာလွတ်တွေကို ပိတ်ဆို့ကာ ဖြတ်တင်ဘောတွေမှတဆင့် အခွင့်အရေးတွေ ရှာဖွေဖို့ ကြိုးစားခဲ့ပါတယ်။ ကျွန်တော်တို့ကို သူတို့တွေ နှစ်ကြိမ်လောက် ဒုက္ခပေးခဲ့ပါတယ်”လို့ ပြောပါတယ်။

အခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်ကွင်းလယ်ကစားသမားချူအာမန်နီက ပြိုင်ဘက်ကစားသမားတစ်ဦးရဲ့ဦးခေါင်းနဲ့ ထိခိုက်မိပြီး နာကျင်ဒဏ်ရာရရှိခဲ့လို့ ရာအူးလ်အဆန်စီယိုနဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။ ပွဲချိန်နှောင်းပိုင်းမိနစ်တွေမှာလည်း ဘယ်လင်ဟမ်ကို မသက်မသာပုံစံမျိုးနဲ့ မြင်တွေ့ခဲ့ရပြီး ဗယ်လ်ဗာဒီကိုလည်း ဒါနီစီဘယ်လော့စ်နဲ့ လူစားလဲလှယ်ခဲ့ရပါတယ်။အန်ဆယ်လော့တီက “ဦးခေါင်းမှာ ဒဏ်ရာရရှိထားတဲ့ ချူအာမန်နီကို လူစားလဲလှယ်ပေးဖို့ အသင်းဆေးအဖွဲ့က လိုလားခဲ့ပါတယ်။ ဘယ်လင်ဟမ်နဲ့ ဗယ်လ်ဗာဒီတို့ကတော့ ဝန်ထုပ်ဝန်ပိုးပိနေတာပါ။ ကျွန်တော်တို့လည်း ဒီလိုအခက်အခဲတွေကို မမျှော်လင့်ထားခဲ့ပါဘူး။ ဒါက ပွဲရဲ့စည်းချက်မှန်မှုကို ထိခိုက်စေခဲ့ပါတယ်”လို့ ဆိုပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments