Tuesday, January 20, 2026
spot_img
spot_img

ကြွက်သောင်းကျန်းမှုကြောင့် အိုးလ်ထရက်ဖို့ဒ်ရဲ့ သန့်ရှင်းရေးအဆင့်သတ်မှတ်ချက် ကြယ် ၂ ပွင့်အထိ လျှော့ချခံရ

မန်ချက်စတာယူနိုက်တက်ရဲ့ အိမ်ကွင်းအိုးလ်ထရက်ဖို့ဒ်မှာ ကြွက်သောင်းကျန်းမှုကြောင့် ကလပ်ရဲ့ အစားအသောက်သန့်ရှင်းရေးအဆင့်သတ်မှတ်ချက်ကို ကြယ် ၅ ပွင့်မှ ကြယ် ၂ ပွဲအထိ လျှော့ချခံခဲ့ရတယ်လို့ သိရပါတယ်။

Daily Mail ရဲ့အဆိုအရ မကြာသေးမီက စစ်ဆေးရေးအရာရှိအချို့ အိုးလ်ထရက်ဖို့ဒ်သို့ လာရောက်ကြည့်ရှုစစ်ဆေးရာမှာ ကွင်းအတွင်း ကြွက်တွေသောင်းကျန်းထားတာကို မြင်တွေ့ခဲ့ရပြီး အခုလို အရေးယူဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာတော့ ကလပ်ရဲ့တာဝန်ရှိသူတွေဟာ အဆိုပါပြဿနာကိုဖြေရှင်းဖို့အတွက် ပိုးမွှားထိန်းချုပ်ရေးဆိုင်ရာဌာနများ၊ ဒေသဆိုင်ရာကောင်စီများနဲ့ ပူးပေါင်းဆောက်ရွက်နေပြီး အပြည့်အဝထိန်းချုပ်နိုင်ဖို့ ဆက်တိုက်အကောင်အထည်ဖော်လုပ်ဆောင်နေပြီဖြစ်ပါတယ်။

စစ်ဆေးရေးအရာရှိတွေဟာ ကွင်းရဲ့မြေညီထပ်ရှိ တိုက်ခန်းအချို့မှာ ကြွက်တွေရှိနေကြောင်း အထောက်အထားတွေကို မြင်တွေ့ခဲ့ရတယ်လို့ဆိုပါတယ်။တူးမြောင်းနဲ့ မီးရထားလမ်းကြောင်းရဲ့ ကြားထဲမှာတည်ဆောက်ထားတဲ့ အိုးလ်ထရက်ဖို့ဒ်အတွက်တော့ အခုလို ကြွက်ပြဿနာဟာ ပထမဆုံးအကြိမ်မဟုတ်ဘူးလို့လည်းသိရပါတယ်။ ဒါ့အပြင် ဆောင်းရာသီရဲ့ အေးမြမှုကလည်း ကြွက်နဲ့သက်ဆိုင်တဲ့ပြဿနာတွေကို ပိုမိုကြီးထွားစေလာခဲ့တာဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁ လခန့်အကြာက အိုးလ်ထရက်ဖို့ဒ်မှာ ကစားခဲ့တဲ့ ယူရိုပါလိဂ်ပွဲစဉ်တစ်ပွဲမှာလည်း ပွဲကြည့်စင်ရှိ ထိုင်ခုံတစ်ခုအောက်မှာ ကြွက်သေတစ်ကောင်ကို ပရိသတ်တွေမြင်တွေ့ခဲ့ကြဖူးပါတယ်။ ပိုမွှားထိန်းချုပ်ရေးကျွမ်းကျင်ပညာရှင်များအနေနဲ့ ကြွက်ပြဿနာကို ဖြေရှင်းသွားဖို့ ကြိုးစားသွားမှာဖြစ်ပြီး တိုးတက်မှုကို စောင့်ကြည့်ဖို့ အိုးလ်ထရက်ဖို့ဒ်သို့ ၁ ပတ်ကို ၅ ကြိမ်အထိ လာရောက်စစ်ဆေးကြမယ်လို့သိရပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments