Wednesday, January 14, 2026
spot_img
spot_img

ကူဒူစ်အား ခေါ်ယူရန် အာဆင်နယ်ထက် ချယ်လ်ဆီးအသင်း ပိုရေပန်းစားနေ

ချယ်လ်ဆီးအသင်းသည် အေဂျက်စ်ကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ်အား ခေါ်ယူရန် လန်ဒန်မြို့ခံပြိုင်ဘက် အာဆင်နယ်ထက် ပိုရေပန်းစားနေကြောင်း Daily Mail က ဖော်ပြခဲ့သည်။

အာဆင်နယ်အသင်းသည် ဂါနာလက်ရွေးစင်ကွင်းလယ်တိုက်စစ်ကစားသမား ကူဒူစ်(၂၂ နှစ်) အားခေါ်ယူရန် ဦးစွာစီစဉ်ခဲ့သော်လည်း ချယ်လ်ဆီးအသင်းက ကြားဖြတ်ခေါ်ယူရန်ကြိုးပမ်းခဲ့ပြီး ယခုအခါ ၎င်းကိုခေါ်ယူနိုင်ရန် အလားအလာပိုကောင်းနေကြောင်း သိရသည်။

ချယ်လ်ဆီးအသင်းသည် ကူဒူစ်အား အာဆင်နယ်အသင်းထက် လစာပိုပေးနိုင်သလို၊ ၎င်းအတွက် အေဂျက်စ်အသင်းထံ ပေါင်သန်း (၄၀) ဝန်းကျင်ဖြင့် ကမ်းလှမ်းသွားရန် စီစဉ်နေကြောင်း Daily Mail က ဖော်ပြခဲ့သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments