ပရီးမီးယားလိဂ်၏ ဒိုင်လူကြီးဟောင်းတစ်ဦးဖြစ်သော မာ့ခ်ဟယ်လ်ဆေးက မန်စီးတီးကွင်းလယ်ကစားသမား ကိုဗာချစ်သည် အာဆင်နယ်နှင့်ပွဲတွင် အနီကတ်နှစ်ကြိမ်ပင် အပြခံရသင့်သည်ဟု သုံးသပ်ပြောကြားခဲ့သည်။
ကိုဗာချစ်သည် ယင်းပွဲတွင် အာဆင်နယ်အသင်းမှ အော်ဒီဂွါနှင့့် ဒက်ကလန်ရိုက်စ်တို့ကို ကြမ်းတမ်းသည့်ဖျက်ထုတ်မှုပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အဝါကတ်တစ်ကြိမ်သာ ပြသခံခဲ့ရသည်။
ဟယ်လ်ဆေးက ကိုဗာချစ်အနေဖြင့် အနီကတ်အပြခံရနိုင်သည့် နှစ်ကြိမ်စလုံးကို ရှောင်လွှဲနိုင်ခဲ့ခြင်းမှာ ကံကောင်းကြောင်း၊ ဒိုင်လူကြီး မိုက်ကယ်အိုလီဗာအနေဖြင့် ဒုတိယဖျက်ထုတ်မှုတွင် အနီကတ်ပြသင့်ကြောင်း၊ VAR ဒိုင် ဂျွန်ဘရွတ်စ်အနေဖြင့်လည်း အကြံပြုခဲ့သင့်ကြောင်း ပြောကြားခဲ့သည်။







