Monday, February 9, 2026
spot_img
spot_img

ကိန်းအနေဖြင့် ဆုဖလားဆွတ်ခူးလိုလျှင် မန်ယူသို့ ပြောင်းရွှေ့သင့်ကြောင်း နဗီးလ်ပြော

ဟယ်ရီကိန်းအနေဖြင့် ဆုဖလားများဆွတ်ခူးလိုပါက စပါးကိုစွန့်ခွာပြီး မန်ယူသို့ ပြောင်းရွှေ့သင့်ကြောင်း မန်ယူကစားသမားဟောင်း နဗီးလ်က ပြောဆိုလိုက်သည်။

ကိန်းသည် စပါးတွင်၎င်း၏ကစားသမားသက်တမ်းတစ်လျှောက်ကစားခဲ့ပြီး ပြီးခဲ့သည့်နှစ်များက ဆုဖလားများရယူရန်အတွက်မန်စီးတီးသို့ ပြောင်းရွှေ့ရန် စဉ်းစားခဲ့သည်။ နဗီးက လက်ရှိအနေအထားအရ ဆုဖလားဆွတ်ခူးလိုလျှင် စပါးအသင်း၏ ပြင်ပသို့ ပြောင်းရွှေ့ရန် ကိန်းအနေဖြင့် စဉ်းစားသင့်ကြောင့် မန်ယူသည် ဆုဖလားများရယူရန် အမှန်တကယ် အခွင့်အရေးရှိနေသည့် အသင်းဖြစ်ကြောင်း နဗီးလ်က ပြောဆိုလိုက်သည်။

“ဟယ်ရီကိန်းက ဆုဖလားလိုချင်မယ်လို့ ထင်ပါတယ်။ သူ့အနေနဲ့ နောက်ဆုံး ၅ နှစ်လောက်မှာ စပါးအတွက်ကစားပေးခဲ့တာနဲ့ တခြားကစားသမားတွေဆိုဘာလုပ်မလဲဆိုတာကို ထည့်သွင်းစဉ်းစားလားတော့ မသိပါဘူး။ ကိန်းအနေနဲ့ အသင်းပြောင်းမယ်ဆိုရင် အခုက ဆုံးဖြတ်ရမယ့် အချိန်ဖြစ်ပါတယ်။ ကိန်းက ကစားသမားကောင်းဖြစ်သလို ပရော်ဖက်ရှင်နယ်ကောင်းတစ်ယောက်လည်း ဖြစ်ပါတယ်။ အခုနေအသင်းပြောင်းမယ်ဆိုရင် မန်ယူ မန်စီးတီးတို့ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးမှာက ဟာလန်းရှိနေပြီလေ။ မန်ယူကတော့ တိုက်စစ်မှူးတစ်ဦးကို အသည်းအသန် လိုအပ်နေတယ်။ ချဲလ်ဆီးကိုတော့ သွားမယ်မထင်ဘူး။ စပါးနဲ့ ချဲလ်ဆီးက ပြိုင်ဆိုင်မှုပြင်းထန်တဲ့ မြို့ခံပြိုင်ဘက်တွေဖြစ်နေတယ်။ အာဆင်နယ်လည်း ဒီလိုပါပဲ။ ဒါကြောင့်ကိန်းအတွက်က မန်ယူတစ်ခုပဲ ရွေးချယ်စရာလိုဖြစ်နေပါတယ်။ လဗ်ဗီကတော့ ကိန်းကို ပြည်ပလိဂ်တစ်ခုကိုသွားကစားစေချင်မှာပါ။ ကိန်းကဆုဖလားတွေရချင်တယ်ဆိုရင်တော့ စပါးကိုစွန့်ခွာဖို့ အချိန်ရောက်နေပါပြီ”ဟု နဗီးက ပြောဆိုလိုက်သည်။  

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments