Tuesday, January 20, 2026
spot_img
spot_img

ကာရာဘောင်ဖလား ဆီမီးဖိုင်နယ်အဆင့်မှာ လီဗာပူးနဲ့ တော့တင်ဟမ်တို့ ထိပ်တိုက်တွေ့ဆုံနေ

ပြီးခဲ့တဲ့ရာသီက ကာရာဘောင်ဖလားကို ဆွတ်ခူးရရှိခဲ့တဲ့ လက်ရှိချန်ပီယံလီဗာပူးဟာ ယခုရာသီ ဆီမီးဖိုင်နယ်အဆင့်မှာတော့ တော့တင်ဟမ်နဲ့ထိပ်တိုက်တွေ့ဆုံနေပြီး နောက်ထပ်ဆီမီးဖိုင်နယ်ပွဲစဉ်မှာတော့ အာဆင်နယ်နဲ့ နယူးကာဆယ်တို့ ထိပ်တိုက်တွေ့ဆုံနေပါတယ်။

ကာရာဘောင်ဖလားကို စံချိန်တင် ၁၀ ကြိမ်အထိဆွတ်ခူးရရှိထားတဲ့ လီဗာပူးဟာ ပထမအကျော့ကို တော့တင်ဟမ်ရဲ့အိမ်ကွင်းသို့သွားရောက်ရင်ဆိုင်ရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အန်ဖီးလ်မှာ ဧည့်ခံကစားသွားရမှာဖြစ်ပါတယ်။

အာဆင်နယ်ကတော့ ပထအကျော့ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဒုတိယအကျော့ကိုတော့ အဝေးကွင်းမှာ သွားရောက်ရင်ဆိုင်ရပါမယ်။

တကယ်လို့ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့သာ ဗိုလ်လုအပွဲအဆင့်ကို တက်လှမ်းနိုင်ခဲ့မယ်ဆိုရင်တော့ ကာရာဘောင်ဖလား ဗိုလ်လုပွဲကို မြောက်လန်ဒန်ဒါဘီပွဲစဉ်အဖြစ် မြင်တွေ့ခွင့်ရမှာဖြစ်ပါတယ်။ တော့တင်ဟမ်နဲ့ အာဆင်နယ်တို့ဟာ ပြည်တွင်းဖလား ဗိုလ်လုပွဲစဉ်တွေမှာ တစ်ကြိမ်မှတွေ့ဆုံခဲ့ဖူးခြင်းမရှိပေမယ့် လိဂ်ဖလား ဆီမီးဖိုင်နယ်အဆင့်မှာတော့ ၁၉၆၈၊ ၁၉၈၇၊ ၂၀၀၇ နဲ့ ၂၀၀၈ ခုနှစ်တွေမှာ ၄ ကြိမ်အထိ ထိပ်တိုက်တွေ့ဆုံခဲ့ဖူးပါတယ်။

ဆီမီးဖိုင်နယ်အဆင့် ပထမအကျော့ပွဲစဉ်တွေကို လာမယ့်နှစ် ၂၀၂၅ ဇန်နဝါရီလ ၆ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ဒုတိယအကျော့ပွဲစဉ်တွေကိုတော့ ဖေဖော်ဝါရီလ ၃ ရက်နေ့မှာ ယှဉ်ပြိုင်ကစားသွားမယ်လို့ သိရပါတယ်။ ဗိုလ်လုပွဲစဉ်ကိုတော့ မတ်လ ၁၆ ရက်နေ့ ဝင်ဘလေကွင်းမှာ ကျင်းပသွားမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments