မကြာမီကျင်းပမည့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် အာဂျင်တီးနားအသင်း ဗိုလ်စွဲလိမ့်မည်ဟု ကမ္ဘာလုံးဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ BCA ၏သုတေသနစစ်တမ်းတွင် ဖော်ပြခဲ့သည်။

BCA သည် ကိုယ်ပိုင်စံနှုန်းများဖြင့် တွက်ချက်ခြင်းဖြစ်ပြီး အသင်းခေါင်းဆောင် မက်ဆီ၏ အာဂျင်တီးနားအသင်းသည် ဗိုလ်လုပွဲတွင် စီရော်နယ်လ်ဒို၏ ပေါ်တူဂီအသင်းကို ပယ်နယ်ဆီအဆုံးအဖြတ်ဖြင့် အနိုင်ယူကာ ချန်ပီယံဆု ဆွတ်ခူးနိုင်လိမ့်မည်ဟု ယင်းစစ်တမ်းတွင် ခန့်မှန်းထားသည်။


BCA အနေဖြင့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင်လည်း ယခုကဲ့သို့ ခန့်မှန်းမှု ပြုလုပ်ခဲ့ပြီး စပိန်အသင်းကို ချန်ပီယံအဖြစ် ခန့်မှန်းခဲ့ကာ လက်တွေ့တွင် ပြင်သစ်အသင်းက ဗိုလ်စွဲခဲ့သည်။






