Tuesday, January 13, 2026
spot_img
spot_img

ကလပ်နိုင်ပွဲ ၇၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် ရော်နယ်လ်ဒို မှတ်တမ်းဝင်

ဆော်ဒီကလပ် အယ်လ်နာဆာအသင်းခေါင်းဆောင် ခရစ္စတီယာနိုရော်နယ်လ်ဒို သည် အယ်လ်ရိန်းအသင်းအား အနိုင်ရသည့် ပွဲအပြီးတွင် ကလပ်နိုင်ပွဲ ၇၀၀ ပြည့်မြောက်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၃၀ ရက်က ယှဉ်ပြိုင်ကစားသည့် ဆော်ဒီလိဂ် ပွဲစဉ် (၁၈) တွင် အယ်လ်နာဆာအသင်းက အယ်လ်ရိန်းအသင်းအား အဝေးကွင်း၌ (၁-၂) ဂိုးဖြင့် အနိုင်ရပြီး ရော်နယ်လ်ဒိုက ၃၅ မိနစ်တွင် ဦးဆောင်ဂိုးသွင်းယူခဲ့သလို ၄၇ မိနစ်တွင် အသင်းဖော် ဘူဝါရှယ် သွင်းယူသည့် ဒုတိယဂိုးကိုလည်း ဖန်တီးပေးနိုင်ခဲ့သည်။

ယခုပွဲမှာ ရော်နယ်လ်ဒိုအတွက် ကလပ်အသင်းနိုင်ပွဲ ၇၀၀ ပြည့်မြောက်သည့် ပွဲဖြစ်ပြီး ယင်းကဲ့သို့ စွမ်းဆောင်နိုင်သည့် ပထမဆုံးကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ လာမည့်တစ်ပတ်အတွင်း (ဖေဖော်ဝါရီ ၅ ရက်) အသက် ၄၀ ပြည့်မည့် ရော်နယ်လ်ဒို သည် အယ်လ်နာ

Cristiano Ronaldo becomes first player to reach 700 club wins

ဆာအသင်းအတွက် ခြေစွမ်းပြကစားလျက်ရှိပြီး ယခုရာသီ ဆော်ဒီလိဂ်ပြိုင်ပွဲ၌ သွင်းဂိုး ၁၅ ဂိုးဖြင့် ဂိုးအများဆုံး ကစားသမားစာရင်းတွင် ထိပ်ဆုံးမှ ဦးဆောင်လျက်ရှိသည်။

၎င်းင်းသည် အယ်လ်နာဆာအသင်းအတွက် ပြိုင်ပွဲစုံ ၉၄ ပွဲကစား၊ ၈၅ ဂိုး သွင်းယူပေးထားပြီး ကစားသမားဘဝတစ်လျှောက် သွင်းဂိုးစုစုပေါင်းမှာလည်း ၉၂၁ ဂိုးအထိ ရှိလာပြီဖြစ်သည်။

ရော်နယ်လ်ဒိုသည် ပရိုကစားသမားဘဝ စတင်သည့် စပို့တင်းလစ္စဘွန်းအသင်းအတွက် ငါးဂိုး (၃၁ ပွဲ)၊ မန်ယူအသင်းအတွက် ပထမအကြိမ်ကစားစဉ် ၁၁၈ ဂိုး (၂၉၂ ပွဲ)၊ ဒုတိယအကြိမ်ကစားစဉ် ၂၇ ဂိုး (၅၄ ပွဲ)၊ ရီးယဲလ်မက်ဒရစ်အသင်းအတွက် ဂိုး ၄၅၀ (၄၃၈ ပွဲ)၊ ဂျူဗင်တပ်စ်အသင်းအတွက် ၁၀၁ ဂိုး (၁၃၄ ပွဲ) နှင့် ပေါ်တူဂီလက်ရွေးစင်အသင်းအတွက် ၁၃၅ ဂိုး (၂၁၇ ပွဲ) သွင်းယူထားခြင်းဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments