Thursday, January 22, 2026
spot_img
spot_img

ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို မန်စီးတီးအသင်း ယှဉ်ပြိုင်ခွင့်ရခြင်းမှာ အထူးအခွင့်အရေး ဂုဏ်ယူစရာဖြစ်သည်ဟု ဂွါဒီယိုလာဆို

 မန်စီးတီးအသင်း၏ နည်းပြဖြစ်သူ ဂွါဒီယိုလာက တစ်ချိန်က ပရီးမီးယားလိဂ်အသင်းငယ်လေး တစ်သင်းသာဖြစ်ခဲ့သည့် မန်စီးတီးအသင်းအနေဖြင့် ယခုအချိန်တွင် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းမှာ အသင်းအတွက် အထူးအခွင့်အရေးတစ်ခုလို ဖြစ်သည့်အပြင် ဂုဏ်ယူစရာလည်းဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ကလပ်အသင်းသမိုင်းတစ်လျှောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ပြီးခဲ့သည့်ရာသီကမှ စတင်ရရှိခဲ့ခြင်းဖြစ်ပြီး ချန်ပီယံလိဂ်ဖလားရခဲ့သည့်အတွက်လည်း ယခုရာသီ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရရှိခဲ့ခြင်းဖြစ်သည်။

မန်စီးတီးအသင်းသည် ယခုပြိုင်ပွဲတွင် ဆီမီးဖိုင်နယ်အဆင့်မှ စတင်ယှဉ်ပြိုင်ရမည်ဖြစ်ပြီး ဆီမီးဖိုင်နယ်အဆင့်အတွက် ပြိုင်ဘက်အသင်းမှာ ပြီးခဲ့သည့်ရာသီ အာရှချန်ပီယံလိဂ်ဖလား ချန်ပီယံအသင်းဖြစ်သည့် ဂျပန်ကလပ် အူရာဝရတ်ဒိုင်းမွန်းအသင်း ဖြစ်သည်။

ဂွါဒီယိုလာက မန်စီးတီးအသင်း၏ သမိုင်းတစ်လျှောက်တွင် ပထမဆုံးအကြိမ် ယှဉ်ပြိုင်ခွင့်ရမည့် ကလပ်ကမ္ဘာ့ဖလားအား အရယူသွားရန် ရည်ရွယ်ထားသည်ဟုဆိုခဲ့ပြီး မိမိတို့ အသင်းအတွက် အခွင့်အရေးတစ်ရပ်ဖြစ်သည်ဟုလည်း ပြောကြားခဲ့သည်။

”ကျွန်တော်တို့က ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်းကို အထူးအခွင့်အရေးတစ်ရပ်အနေနဲ့ သဘောထားသွားမှာဖြစ်ပြီး ဒီပြိုင်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခဲ့တာကိုလည်း အရမ်းဂုဏ်ယူမိပါတယ်။ ဒီနေရာမှာ ထိုင်နေပြီး မနက်ဖြန် ကစားရမယ့်ပွဲအတွက် ထိုင်ပြောနေရတယ်ဆိုတာက အတိတ်မှာ ကျွန်တော်တို့ ဘယ်လောက်ကောင်းကောင်းလုပ်ထားသလဲဆိုတာကို ပြသနေတဲ့အရာလည်း ဖြစ်ပါတယ်။ ကျွန်တော်တို့ ဒီနေရာမှာ ရောက်နေတဲ့အချိန်မှာ ဒီအခွင့်အရေးကို အပြည့်အဝအသုံးချမှာပါ။ မနက်ဖြန် ကျွန်တော်တို့ ပွဲကိုကစားမယ်။ ပြီးတော့ ဗိုလ်လုပွဲတက်ဖို့ ထိုက်တန်တယ်ဆိုတာကို သက်သေပြပါမယ်” ဟု ဂွါဒီယိုလာက တနင်္လနေ့တွင်  ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments