Monday, February 9, 2026
spot_img
spot_img

ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ဘောလုံး အသင်း 30

Forbes ရဲ့ ထုတ်ပြန်ကြေငြာချက်အရတော့ ပရီးမီးယားလိဂ် ထိပ်သီး မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး ဘောလုံး အသင်း 30 စာရင်းထဲမှာ အဆင့် 2 နေရာ ရပ်တည်နိုင်ခဲ့ပါတယ် ။

အဆင့် 1 နေရာမှာတော့ ချန်ပီယံလိဂ် တို့ရဲ့ သခင်ကြီး ရီးယဲ မက်ဒရစ် အသင်းက ပေါင် 4.9 ဘီလီယံ နဲ့ ရပ်တည််နိုင်ခဲ့တာ ဖြစ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းကတော့ ပေါင် 4.85 ဘီလီယံ နဲ့ အဆင့် 2 ဖြစ်ခဲ့ရပါတယ် ။

လာလီဂါ ရဲ့ ချန်ပီယံ ဘာစီလိုနာ အသင်းကတော့ ပေါင် 4.5 ဘီလီယံ နဲ့ အဆင့် 3 နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး လီဗာပူး နဲ့ မန်စီးတီး တို့ကတော့ ပေါင် 4.3 ဘီလီယံ ၊ ပေါင် 4 ဘီလီယံ တို့နဲ့ အဆင့် 5 အတွင်း ဝင်ခဲ့ကြပါတယ် ။

ဂျာမန် ဘီလူးကြီး ဘိုင်နယ် မြူးနစ် ကတော့ ပေါင် 3.9 ဘီလီယံ နဲ့ တတိယ နေရာမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပြီး အဆင့် 7 နေရာမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေကို ပိုင်ဆိုင်ထားတဲ့ PSG အသင်းက ပေါင် 3.4 ဘီလီယံနဲ့ ရပ်တည်နိုင်ခဲ့တာပဲ ဖြစ်ပါတယ် ။

အဲ့ဒီနောက် အဆင့် 8,9,10 နေရာတွေမှာ ချဲလ်ဆီး ၊ စပါး နဲ့ အာဆင်နယ် အသင်းတွေက ပေါင် 2.5 ဘီလီယံ ၊ ပေါင် 2.3 ဘီလီယံ ၊ ပေါင် 1.8 ဘီလီယံ တို့နဲ့ အသီးသီး ရပ်တည််နိုင်ခဲ့ကြတာပဲ ဖြစ််ပါတယ် ။

ဒါ့ကြောင့် ကမ္ဘာ့ တန်ကြေး အမြင့်ဆုံး အသင်း 10 သင်း စာရင်းထဲမှာတော့ ပရီးမီးယားလိဂ် ကလပ် 6 သင်းအထိ ရှိခဲ့ကြပြီး စပိန်း မှ 2 သင်း ၊ ဂျာမန် မှ 1 သင်း ၊ ပြင်သစ်မှ 1 သင်းတို့ ပါဝင်နိုင်ခဲ့ကြတာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် အဆင့် 15 နေရာမှာ ဝက်စ်ဟမ်း ၊ အဆင့် 20 နေရာမှာ ခရစ္စတယ် ပဲလေ့စ် ၊ အဆင့် 22 နေရာမှာ နယူးကာဆယ် ၊ 23 နေရာမှာ လက်စတာ ၊ 24 နေရာမှာ အက်စတွန် ဗီလာ ၊ 25 နေရာမှာ အဲဗာတန် တို့ ရှိနေခဲ့ကြပါတယ် ။

01. ရီးယဲ မက်ဒရစ် ( ပေါင် 4.9 ဘီလီယံ)
02. မန်ချက်စတာ ယူနိုက်တက် (ပေါင် 4.85 ဘီလီယံ)
03. ဘာစီလိုနာ (ပေါင် 4.5 ဘီလီယံ)
04. လီဗာပူး (ပေါင် 4.3 ဘီလီယံ)
05. မန်စီးတီး (ပေါင် 4 ဘီလီယံ)
06. ဘိုင်ယန် မြူးနစ် (ပေါင် 3 9 ဘီလီယံ)
07. PSG (ပေါင် 3.4 ဘီလီယံ)
08. ချဲလ်ဆီး (ပေါင် 2.5 ဘီလီယံ)
09. တော့တင်ဟမ် (ပေါင် 2.3 ဘီလီယံ)
10. အာဆင်နယ် (ပေါင် 1.8 ဘီလီယံ)
11. ဂျူဗင်တပ် (ပေါင် 1.7 ဘီလီယံ)
12. ဒေါ့မွန် (ပေါင် 1.5 ဘီလီယံ)
13. အေတီကို (ပေါင် 1.2 ဘီလီယံ)
14. အေစီမီလန် (ပေါင် 1.1 ဘီလီယံ)
15. ဝက်စ်ဟမ်း (ပေါင် 874 သန်း)
16. အင်တာမီလန် (ပေါင် 833 သန်း)
17. LA FC (ပေါင် 808 သန်း)
18. LA ဂလက်ဇီ (ပေါင် 748 သန်း)
19. အတ္တလန္တာ (ပေါင် 687 သန်း)
20. ခရစ္စတယ် ပဲလေ့စ် (ပေါင် 652 သန်း)
21. နယူးယောက်စီးတီး (ပေါင် 647 သန်း)
22. နယူးကာဆယ် (ပေါင် 642 သန်း)
23. လက်စတာ (ပေါင် 632 သန်း)
24. အက်စတွန် ဗီလာ (ပေါင် 611 သန်း)
25. အဲဗာတန် (ပေါင် 602 သန်း)
26. လိုင်ယွန် (ပေါင် 594 သန်း)
27. ရိုးမား (ပေါင် 565 သန်း)
28. DC ယူနိုက်တက် (ပေါင် 566 သန်း)
29. တိုရွန်တို (ပေါင် 558 သန်း)
30. အော်စတင် (ပေါင် 550 သန်း)

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments