ဘာစီလိုနာ၊ အက်သလက်တီကိုအသင်းတို့၏ တိုက်စစ်မှူးဟောင်းဖြစ်သူ ဥရုဂွေးဝါရင့်တိုက်စစ်မှူး ဆွာရက်ဇ်သည် လာမည့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးတွင် လက်ရှိကစားနေသည့်ကလပ်ဖြစ်သည့် ဥရုဂွေးကလပ် နေစီယွန်နယ်မှထွက်ခွာကာ အမေရိကန်မေဂျာလိဂ်ကလပ် LA ဂလက်ဆီအသင်းသို့ ပြောင်းရွှေ့ရန်ချိတ်ဆက်နေကြောင်း သိရသည်။
ဆွာရက်ဇ်အနေဖြင့် LA ဂလက်ဆီသို့ပြောင်းရွှေ့ခဲ့ပါက ဘာစီလိုနာအသင်းဖော်ဟောင်းဖြစ်သည့် စပိန်ကွင်းလယ်လူ ရီကီပွတ် (၂၃ နှစ်)နှင့် ပြန်လည်လက်တွဲကစားရမည်ဖြစ်သည်။
ဆွာရက်ဇ်(၃၅ နှစ်)က ကစားသမားဘဝမှ အနားယူဦးမည်မဟုတ်သော်လည်း ဥရောပတွင် ပြန်ကစားတော့မည်မဟုတ်ကြောင်း ပြီးခဲ့သည့်လကတည်းက ပြောကြားခဲ့သည်။