Saturday, February 7, 2026
spot_img
spot_img

ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရသည့်အတွက် မိမိကို ဆာလာ မနာလိုဖြစ်နေမည်ဟု ခရိုအေးရှားနောက်ခံလူ လိုဗရန် ဟာသလုပ်ပြောကြာ

ခရိုအေးရှားနောက်ခံလူ လိုဗရန်က လီဗာပူးလ်အသင်းဖော်ဟောင်း ဆာလာသည် မိမိကို ကမ္ဘာ့ဖလားယှဉ်ပြိုင်ခွင့်ရသည့်အတွက် မနာလိုဖြစ်နေလိမ့်မည်ဟု ဟာသလုပ်ပြောကြားခဲ့သည်။

လက်ရှိအချိန်၌ ဇင်းနစ်အသင်းတွင် ကစားနေသည့် လိုဗရန်သည် လီဗာပူးလ်အသင်း၌ ၂၀၁၄ မှ ၂၀၂၀ အထိ ကစားခဲ့သူဖြစ်ပြီး ဆာလာနှင့် ရင်းနှီးသူလည်းဖြစ်သည်။ ဆာလာ၏ အီဂျစ်အသင်းက ခြေစစ်ပွဲမအောင်သဖြင့် လိုဗရန်က ဆာလာကို နောက်ပြောင်ခဲ့ခြင်းလည်းဖြစ်သည်။

“သူ ကျွန်တော့်ကို မနာလိုဖြစ်နေမှာ ရာနှုန်းပြည့်သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော့်ကို အားပေးမယ်လို့ပြောပါတယ်။ ကမ္ဘာ့ဖလားမှာ ဆာလာ ပါဝင်ကစားခွင့်မရတဲ့အတွက် တကယ်စိတ်မကောင်းပါဘူး”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments