Wednesday, January 14, 2026
spot_img
spot_img

ကမ္ဘာ့ဖလားမှာ အံ့သြစရာများနှင့် ပြည့်နှက်နေသည့်ပြိုင်ပွဲဟု နေမာ ဆို

ဘရာဇီးလ်တိုက်စစ်ကစားသမား နေမာက ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အံ့သြစရာများနှင့်ပြည့်နှက်နေသည့် ပြိုင်ပွဲဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဘရာဇီးလ်အသင်းသည် ၂၀၂၂ ကမ္ဘာ့ဖလားတွင် ဘွတ်ကီဒိုင်များ၏ အလေးပေးမှုတွင် ဗိုလ်စွဲရန် ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေသည်။

သို့သော် နေမာက ကမ္ဘာ့ဖလားတွင် မထင်မှတ်သည့်အသင်းမှာလည်း အောင်မြင်မှုရနိုင်ကြောင်း ပြောကြားခဲ့သည်။

နေမာက ”ကမ္ဘာ့ဖလားက အံ့သြစရာတွေနဲ့ ပြည့်နှက်နေတဲ့ ပြိုင်ပွဲဖြစ်ပါတယ်။ အမေ့ခံအသင်းတွေ ခရီးပေါက်တာကိုလည်း ကမ္ဘာ့ဖလားမှာ ခင်ဗျားတို့ တွေ့ဖူးမှာပါ။ ဒါပေမဲ့ အာဂျင်တီးနား၊ ဂျာမနီ၊ စပိန်နဲ့ ပြင်သစ်တို့ ရေပန်းစားပြီး အဲဒီ (၄) သင်းထဲက တစ်သင်းဟာ ဘရာဇီးလ်နဲ့အတူ ဗိုလ်လုပွဲရောက်မယ်ထင်ပါတယ်”ဟု ဆိုခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments