Monday, February 9, 2026
spot_img
spot_img

ကမ္ဘာ့ဖလားဗိုလ်လုပွဲ၌ ဟက်ထရစ်သွင်းယူနိုင်သည့် ဒုတိယမြောက်ကစားသမားအဖြစ် ဘာပေ မှတ်တမ်းဝင်ခဲ့ပြီး ဗိုလ်လုပွဲသွင်းဂိုး အများဆုံးကစားသမားလည်း ဖြစ်လာခဲ့

ပြင်သစ်အသင်း၏ ကြယ်ပွင့်တိုက်စစ်မှူး ဘာပေသည် ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ဗိုလ်လုပွဲတွင် ဟက်ထရစ် သွင်းယူခဲ့သည့် အင်္ဂလန်တိုက်စစ်မှူး ဂျော့ဖ်ဟတ်စ်၏နောက် ကမ္ဘာ့ဖလား ဗိုလ်လုပွဲ၌ ဟက်ထရစ်သွင်းယူနိုင်သည့် ဒုတိယမြောက်ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့သည့်အပြင် ကမ္ဘာ့ဖလားသမိုင်း၌ ဗိုလ်လုပွဲသွင်းဂိုးအများဆုံး ကစားသမားလည်း ဖြစ်လာခဲ့ကြောင်း သိရသည်။

ဂျော့ဖ်ဟတ်စ်သည် အင်္ဂလန်အသင်း ဗိုလ်စွဲခဲ့သည့် ၁၉၆၆ ကမ္ဘာ့ဖလား ပြိုင်ပွဲ၌ ဗိုလ်လုပွဲတွင် အနောက်ဂျာမနီ အသင်းဘက်သို့ ဟက်ထရစ်သွင်းယူခဲ့ခြင်းဖြစ်သော်လည်း ယင်းပွဲမတိုင်မီက (၁)ဂိုးသာ သွင်းယူနိုင်ခဲ့သည့်အတွက် ပြိုင်ပွဲ၏ ဂိုးသွင်းဘုရင်ဆုကိုမူ ပေါ်တူဂီတိုက်စစ်မှူး အူစီဘီယိုက ရရှိခဲ့သည်။

ယခု ဘာပေကမူ ဗိုလ်လုပွဲတွင် အာဂျင်တီးနားအသင်းဘက်သို့ ဟက်ထရစ်သွင်းယူနိုင်ခဲ့သည့်အပြင် ယင်းပွဲ မတိုင်မီတွင်လည်း (၅)ဂိုးသွင်းယူထားနိုင်သည့်အတွက် စုစုပေါင်း(၈)ဂိုးဖြင့် ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲ၏ ရွှေဖိနပ်ဆုကို ဆွတ်ခူးနိုင်ခဲ့သည်။

ထို့ပြင် ဘာပေသည် ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲတွင်လည်း တစ်ဂိုးသွင်းနိုင်ခဲ့သောကြောင့် ဗိုလ်လုပွဲသွင်းဂိုးအများဆုံးကစားသမားလည်း ဖြစ်လာခဲ့သည်။ ဘာပေသည် ကမ္ဘာ့ဖလားသွင်းဂိုး (၁၂)ဂိုးအထိ ရှိလာခဲ့ပြီဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments