၂၀၂၂ ခုနှစ် ကာတာ ကမ္ဘာ့ဖလားဖိုင်နယ်ပွဲစဉ်ကို တာဝန်ယူ ကိုင်တွယ်ခဲ့တဲ့ ဒိုင်လူကြီး Szymon Marciniak က သူဟာ အာဂျင်တီးနားတို့ ပြင်သစ်ကို အနိုင်ရရှိသွားခဲ့တဲ့ ဖိုင်နယ်ပွဲစဉ်အတွင်းမှာ အမှားတစ်ခုတည်းသာ ကျူးလွန်ခဲ့တယ်လို့ ဆိုလိုက်ပါတယ် ။ Marciniak ဟာ ပြီးခဲ့တဲ့အပတ် တနင်္ဂနွေနေ့က ကမ္ဘာ့ဘောလုံးလောကရဲ့ အကြီးကြယ်ဆုံး ပွဲစဉ်ကို တာဝန်ယူကိုင်တွယ်ခဲ့တဲ့ ပထမဦးဆုံး ပိုလန်လူမျိုး ဒိုင်လူကြီး ဖြစ်လာခဲ့ပါတယ်။

Marciniak ဟာ အဆိုပါ ပွဲစဉ်ကို အအကောင်းဆုံး ကိုင်တွယ်သွားခဲ့တာ ဖြစ်ပြီး ၎င်းရဲ့ performance အတွက် Pundit တွေ ၊ ပရိတ်သတ်တွေရဲ့ အထူး ချီးကျူးမှုကို ရရှိခဲ့ပါတယ်။ ကာတာ ကမ္ဘာ့ဖလားရဲ့ နောက်ဆုံးအဆင့်တွေ ဖြစ်တဲ့ အာဂျင်တီးနား vs နယ်သာလန် ပွဲ ၊ အင်္ဂလန် Vs ပြင်သစ် တို့ရဲ့ ပွဲစဉ်တွေမှာ ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေဟာ အတော်လေး ဆိုးရွားခဲ့တာကြောင့် ဝေဖန်မှုတွေ အများအပြား ခံခဲ့ရပြီး Marciniak ကတော့ ဖိုင်နယ်အဆင့်ရဲ့ မိနစ် ၁၂၀ လုံးမှာ တည်ငြိမ်မှုရှိရှိ ၊ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေနဲ့ ပွဲကို အကောင်းဆုံး ထိန်းကျောင်းသွားခဲ့ပါတယ်။






