Monday, February 9, 2026
spot_img
spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီ ကလပ်အသင်းပွဲစဉ်များတွင် ဗာရန်း ကစားနိုင်မည်မဟုတ်ဟု နည်းပြ တန်ဟက်ဂ် အတည်ပြု

ခြေထောက်ဒဏ်ရာရရှိနေသည့် ပြင်သစ်နောက်ခံလူ ဗာရန်းသည် ကမ္ဘာ့ဖလား ပြိုင်ပွဲမတိုင်မီ ကလပ်အသင်းပွဲစဉ်များတွင် ပါဝင်ကစားနိုင်တော့မည်မဟုတ်ကြောင်း မန်ယူအသင်းနည်းပြ တန်ဟက်ဂ်က ရှာရစ်ဖ် နှင့်ကစားမည့် ယူရိုပါလိဂ်ပွဲစဉ်အတွက်ပြုလုပ်သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် အတည်ပြုပြောကြားခဲ့သည်။

ဗာရန်းသည် ပြီးခဲ့သည့်စနေနေ့က ကစားခဲ့သော ချယ်လ်ဆီးနှင့် ပရီးမီးယားလိဂ် ပွဲစဉ်တွင် ဒဏ်ရာရရှိခဲ့ခြင်းဖြစ်ပြီး အစောပိုင်းက ကမ္ဘာ့ဖလားပြိုင်ပွဲအမီ ပြန်လည်သက် သာလာမည်ဟု သတင်းထွက်ခဲ့သည်။

ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် မန်ယူနည်းပြ တန်ဟက်ဂ်က “ဗာရန်းက လူစာရင်းထဲမှာ မပါပါဘူး။ သူ ကမ္ဘာ့ဖလားပြိုင်ပွဲမတိုင်မီအထိ အနားယူရမှာပါ” ဟု ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဗာရန်း ပါဝင်နိုင်ခြင်း ရှိ၊ မရှိအခြေအနေကိုမူ တန်ဟက်ဂ်က “သူ ဘယ်လိုတိုးတက်မှုရှိလာမလဲ ကျွန်တော်တို့ ကြည့်ရမှာပါ။ သူ့ရဲ့ ပြန်လည်ထူထောင်ရေး ဘယ်လောက်အထိ တိုးတက်လာမလဲပေါ့” ဟု တုံ့ပြန်ခဲ့သည်။

ဗာရန်းသည် ချယ်လ်ဆီးနှင့်ပွဲတွင် ပြိုင်ဘက်တိုက်စစ်မှူး အူဘာမီယန်းထံမှ ဘောလုံးကို ဖျက်ထုတ်ရန် ကြိုးပမ်းရာမှ မတော်တဆဒဏ်ရာရသွားခဲ့ခြင်းလည်းဖြစ်သည်။

အသက် ၂၉ နှစ်အရွယ်ရှိပြီဖြစ်သူ ဗာရန်းသည် ပြင်သစ်လက်ရွေးစင်အသင်းအတွက် ၈၅ ပွဲကစားကာ ငါးဂိုးသွင်းယူပေးထားပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ချန်ပီယံဖြစ်ခဲ့သည့် ပြင်သစ်အသင်း၏ အဓိက ကစားသမားတစ်ဦးဖြစ်ခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments