Thursday, January 22, 2026
spot_img
spot_img

ကမ္ဘာ့ဖလားပြိုင်ပွဲကာလတွင် ကာတာနိုင်ငံ၏ ပြဿနာများကို မီးမောင်းထိုးပြသွားမည်ဟု ဂါရတ်ဘေးလ် ပြောကြာ

ဝေးလ်စ်လက်ရွေးစင်အသင်းခေါင်းဆောင် ဂါရတ်ဘေးလ်က ကမ္ဘာ့ဖလားပြိုင်ပွဲကာလတွင် ကာတာနိုင်ငံ၌ ဖြစ်ပွားနေသည့် ပြဿနာများကို မီးမောင်းထိုးပြသွားရန် စီစဉ်ထားကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

ကမ္ဘာ့ဖလားပြိုင်ပွဲစတင်ရန် ရက်ပိုင်းမျှသာ လိုတော့သော်လည်း အိမ်ရှင်ကာတာ နိုင်ငံအနေဖြင့် လိင်တူချစ်သူများအပေါ် တင်းကျပ်စွာတားမြစ်မှု၊ လူ့အခွင့်အရေးမှတ်တမ်းနှင့် ရွှေ့ပြောင်းအလုပ်သမားအရေးအပေါ် ကိုင်တွယ်ပုံအခြေအနေတို့ကြောင့် ပြိုင်ပွဲဝင်နိုင်ငံများအပါအဝင် လူ့အခွင့်အရေးအဖွဲ့များစွာ၏ ဝေဖန်မှုများ ခံနေရသည်။

ယင်းအခြေအနေများနှင့်ပတ်သက်၍ ဂါရတ်ဘေးလ်က “ကျွန်တော်တို့လို ဘောလုံးသမားတွေအတွက် ဒါတွေက ပြောရခက်တဲ့ အကြောင်းအရာတစ်ခုပါပဲ။ အခုထိဖြစ်နေသေးတဲ့ ပြဿနာတွေကို ကျွန်တော်တို့ မီးမောင်းထိုးပြနိုင်ပါတယ်။ ကျွန်တော်တို့ FAW (ဝေးလ်စ်ဘောလုံးအဖွဲ့ချုပ်) နဲ့ စကားပြောပြီးပါပြီ။ သူတို့ကလည်း ဝေးလ်စ်အစိုးရနဲ့ ဆွေးနွေးပြီးပါပြီ။ ဝေးလ်စ်အစိုးရက ကာတာ၊ FIFA (ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်) တို့နဲ့ ဆွေးနွေးနေပြီး ဒီကိစ္စတွေအတွက် လုပ်ဆောင်နေပါတယ်။ ကျွန်တော်တို့ ကစားသမားတွေအနေနဲ့ ကိုယ်လုပ်နိုင်တာတွေအားလုံးကို အားပေးထောက်ခံပြီးတော့ အပြည့်အဝရပ်တည်သွားမှာပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံးလုပ်နိုင်တာက အသိပညာပေးဖို့ဖြစ်ပြီး အထက်က လုပ်ပိုင်ခွင့်ရှိသူတွေက ဆုံးဖြတ်ချက်ချရမှာပါ။ ပိုကောင်းအောင် ပြုပြင်ပြောင်းလဲနိုင်ဖို့ မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments