Saturday, February 7, 2026
spot_img
spot_img

ကမ္ဘာ့ဖလားချန်ပီယံဆု ရယူလိုပါက ရေပန်းစားသည့်စာရင်းတွင်ပါဝင်ပြီး အနိုင်ရလိမ့်မည်ဟုယုံကြည်နေသည့် ထောင်ချောက်အတွင်း မကျရောက်ရန် လိုအပ်ကြောင်း မက်ဆီ သတိပေး

အာဂျင်တီးနားလက်ရွေးစင်အသင်းခေါင်းဆောင် မက်ဆီက မိမိတို့အနေဖြင့် ကမ္ဘာ့ဖလားချန်ပီယံဆုရယူလိုပါက ရေပန်းစားသည့်စာရင်းတွင်ပါဝင်ပြီး အနိုင်ရလိမ့်မည်ဟု ယုံကြည်နေသည့် ထောင်ချောက်အတွင်း မကျရောက်ရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။

အာဂျင်တီးနားအသင်းသည် ၂၀၁၉ ကိုပါအမေရိကဖလားပြိုင်ပွဲမှစတင်ကာ သုံးနှစ်ကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၃၅ ပွဲဆက် ရှုံးပွဲမရှိဘဲ အကောင်းဆုံးပုံစံရနေပြီး ၂၀၂၁ ကိုပါအမေရိကဖလားချန်ပီယံဆုလည်း ဆွတ်ခူးရရှိထားသည်။ အာဂျင်တီးနားအသင်း အနေဖြင့် ကာတာကမ္ဘာ့ဖလားပြိုင်ပွဲတွင် ဒေသတွင်းပြိုင်ဘက် ဘရာဇီးလ်အသင်းပြီးလျှင် ဒုတိယရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံထားရသောကြောင့် မက်ဆီက ယင်းကဲ့သို့ သတိပေးခဲ့ခြင်းဖြစ်သည်။

“ဒီနေ့ခေတ်မှာ လက်ရွေးစင်အသင်းအားလုံးက ရင်ဆိုင်ကစားဖို့ ခက်ခဲပါတယ်။ အသင်းအားလုံးကလည်း အနိုင်ယူဖို့ ခက်ခဲမှာပါ။ ကျွန်တော်တို့အနေနဲ့ ဥရောပအသင်းတွေနဲ့ အများကြီးမကစားခဲ့ရသလို သူတို့ကလည်း ကျွန်တော်တို့နဲ့ ကစားရတာကို မကြိုက်ပါဘူး။ တောင်အမေရိကအသင်းတွေနဲ့ကစားရတာက တကယ်ခက်ခဲပါတယ်။ ကျွန်တော်တို့ဆီမှာ နောက်ဆုံးအဆင့်တွေကိုတက်လှမ်းနိုင်တဲ့ ပုံစံကောင်းတွေရှိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့အနေနဲ့ ရေပန်းစားတဲ့အသင်းတွေထဲမှာ ပါဝင်တယ်လို့ ယုံကြည်ပြီး အနိုင်ရလိမ့်မယ်လို့ ထင်မှတ်နေတဲ့ ထောင်ချောက်ထဲကို ကျသွားလို့မဖြစ်ပါဘူး။ လက်တွေ့ကျဖို့ လိုအပ်ပြီး တစ်ဆင့်ပြီးတစ်ဆင့် သွားရပါမယ်” ဟု မက်ဆီက ပြောကြားခဲ့သည်။

ထို့ပြင် လက်ရှိချန်ပီယံ ပြင်သစ်၊ ရေပန်း အစားဆုံး ဘရာဇီးလ်အသင်းတို့နှင့်ပတ်သက် ၍ ၎င်းက “ပြင်သစ်က ကောင်းပါတယ်။ ကစားသမားတချို့ ဒဏ်ရာရထားပေမဲ့ သူတို့ လူစာရင်းထဲမှာ ကြောက်စရာကောင်းတဲ့ အလားအလာရှိသူတွေ ရှိနေတယ်။ သူတို့ဆီမှာ ထိပ်တန်းကစားသမားတွေနဲ့ နည်းပြတစ်ဦး (ဒေးရွှမ့်) ရှိနေပြီး တူညီတဲ့အစုအဖွဲ့က အချိန်တစ်ခုကြာအောင် စုစည်းမှုရှိထားတယ်။ ပြီးတော့ သူတို့က နောက်ဆုံးကမ္ဘာ့ဖလားပြိုင်ပွဲမှာလည်း အနိုင်ရထားတာပါ။ ဘရာဇီးလ်မှာလည်း အရည်အသွေးပြည့်ဝတဲ့ ကစားသမားတွေ ရှိပါတယ်။ အထူးသဖြင့် တိုက်စစ် Final Third ဇုန်မှာ သူတို့က ပြိုင်ဘက်တွေကို အနိုင်ယူနိုင်စွမ်းရှိပါတယ်။ သူတို့ဆီမှာ နံပါတ် ၉ နေရာအတွက် နေမာလို ကစားသမားကောင်းလည်း ရှိနေတယ်” ဟု ဆက်လက်ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments