မန်ယူအသင်းသည် ကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပနေစဉ် ကာလအတွင်း ကာဒစ်ဇ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားသွားမည်ဖြစ်ကြောင်း သိရသည်။

မန်ယူအသင်းသည် နိုဝင်ဘာ(၁၃)မှ ဒီဇင်ဘာ(၂၇)ရက်အထိ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အနားရမည်ဖြစ်ရာ ဒီဇင်ဘာ(၇)တွင် ကာဒစ်ဇ်အသင်းနှင့် ခြေစမ်းပွဲ ယှဉ်ပြိုင်ကစားရန် စီစဉ်ထားခြင်းဖြစ်သည်။

မန်ယူအသင်း၏ ဘောလုံးဒါရိုက်တာ မာတောက်က “ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အနားပေးချိန်ကာလမှာ အသင်းရဲ့ ပုံစံကောင်းကို ဆက်ထိန်းနိုင်ဖို့နဲ့ ဒုတိယရာသီဝက်အတွက် ပြင်ဆင်သွားမှာပါ” ဟု ပြောကြားခဲ့သည်။






