Monday, February 9, 2026
spot_img
spot_img

ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမားစာရင်းတွင် ဘာပေကိုကျော်၍ မန်စီးတီးအသင်းတိုက်စစ်မှူး ဟော်လန်း ထိပ်ဆုံးနေရာရောက်လာ

ဘောလုံးအပြောင်းအရွှေ့နှင့် ကစားသမားတန်ဖိုးများ ဖော်ပြသည့် Transfermarkt ဝက်ဘ်ဆိုက်၏ ထုတ်ပြန်မှုအရ ကမ္ဘာ့တန်ဖိုးအမြင့်ဆုံး ဘောလုံးသမားစာရင်းတွင် မန်စီးတီးအသင်းတိုက်စစ်မှူး ဟော်လန်းက ထိပ်ဆုံးနေရာရောက်ရှိလာကြောင်း သိရသည်။

ယခုနွေရာသီတွင် ဒေါ့မွန်အသင်းမှ မန်စီးတီးသို့ ရောက်ရှိလာပြီးနောက် အလျင်အမြန် အထိုင်ကျသွားပြီး ပြိုင်ပွဲစုံ ၁၆ ပွဲကစား ၂၂ ဂိုးသွင်းယူပေးထားသည့် ဟော်လန်းအနေဖြင့် ယူရိုသန်း ၁၇၀ ဖြင့် တန်ဖိုးအမြင့်ဆုံးကစား သမားစာရင်းအဖြစ် ရပ်တည်နိုင်ခဲ့သည်။

၎င်း၏တန်ဖိုးမှာ မူလသတ်မှတ်ထားသည့် ယူရို ၁၅၆ သန်းထက် ယူရို ၁၄ သန်း မြင့်တက်လာသဖြင့် ထိပ်ဆုံးနေရာသို့ တက်ရောက်လာနိုင်ခြင်းဖြစ်သည်။ PSG အသင်း ကြယ်ပွင့် တိုက်စစ်မှူး ဘာပေမှာမူ ပြီးခဲ့သည့်နွေရာသီတွင် တန်ဖိုးမြင့်မားသည့် စာချုပ်သစ် ချုပ်ဆိုခဲ့သောကြောင့် ကမ္ဘာတစ်ဝန်း လစာအများဆုံး ဘောလုံးသမားဖြစ်လာသော်လည်း ယခုစာရင်းတွင် ယူရိုသန်း ၁၇၀ မှ သန်း ၁၆၀ သို့ လျော့ကျသွားသဖြင့် ဒုတိယနေရာသို့ရောက် ရှိသွားသည်။

၎င်းတို့နှစ်ဦး၏နောက်တွင် ရီးယဲလ်အသင်း တိုက်စစ်ကစားသမား ဗင်နီစီယပ်စ်က ယူရိုသန်း ၁၂၀၊ မန်စီးတီးအသင်း ကွင်းလယ်လူ ဖိုဒန်က ယူရိုသန်း ၁၁၀၊ ဒေါ့မွန်အသင်း ကွင်းလယ်လူ ဘယ်လင်ဟမ်က ယူရို သန်း ၉၀၊ ဘာစီလိုနာအသင်းကွင်းလယ်လူ ပတ်ဒရီက ယူရိုသန်း ၉၀၊ အာဆင်နယ်အသင်းတောင်ပံကစားသမား ဆာကာက ယူရိုသန်း ၉၀၊ စပါးအသင်းတိုက်စစ်မှူး ဟာရီကိန်းက ယူရိုသန်း ၉၀၊ ဂျူဗင်တပ်စ်အသင်းတိုက်စစ် မှူး ဗလာဟိုဗစ်က ယူရို ၈၅ သန်း၊ ဘိုင်ယန်မြူးနစ်အသင်း ကွင်းလယ်လူ မူဆီယာလာက ယူရိုသန်း ၈၀ ဖြင့် ရပ်တည်နေသည်။

Transfermarkt ၏ ယခုစာရင်းတွင် ပရီးမီးယားလိဂ်ကစားသမားတစ်ဦး ထိပ်ဆုံးနေရာ ရပ်တည်နိုင်ခြင်းမှာ ပထမဆုံးအကြိမ် ဖြစ်ကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments