Wednesday, February 11, 2026
spot_img
spot_img

ကစားသမားဘဝ ရာပြည့်သွင်းဂိုးကို စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် ပွဲအရေအတွက် နည်းပါးစွာဖြင့် သွင်းယူနိုင်သူအဖြစ် အိုဆင်မန် မှတ်တမ်းဝင်

နာပိုလီအသင်းတိုက်စစ်မှူး အိုဆင်မန်သည် ပြီးခဲ့သည့် ဆာဆူအိုလိုအသင်းနှင့် စီးရီးအေပွဲစဉ်တွင် ဂိုးသွင်းယူပြီးနောက် စီရော်နယ်လ်ဒို၊ မက်ဆီတို့ထက် ပွဲအရေအတွက်နည်းပါးစွာဖြင့်  ကစားသမားဘဝ ရာပြည့်ဂိုးသွင်းယူနိုင်သူအဖြစ် မှတ်တမ်းဝင်ခဲ့သည်။

အိုဆင်မန်သည် နာပိုလီအသင်းက ဆာဆူအိုလိုအသင်းကို (၂-၀)ဂိုးဖြင့် အနိုင်ရသည့်ပွဲတွင် အနိုင်ဂိုးတစ်ဂိုး သွင်းယူခဲ့ပြီး အဆိုပါမှတ်တမ်းပိုင်ဆိုင်ခဲ့ခြင်းဖြစ်သည်။

အိုဆင်မန်က ကစားသမားဘဝ (၁၉၇)ပွဲတွင်  ရာပြည့်ဂိုးသွင်းယူနိုင်ခဲ့ပြီး စီရော်နယ်လ်ဒို (၃၀၁ ပွဲ) ၊ မက်ဆီ (၂၁၀ ပွဲ)တို့ထက် ပွဲအရေအတွက်နည်းပါးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လက်ရှိရာသီစီးရီးအေပြိုင်ပွဲတွင် အိုဆင်မန်သည်  (၁၈)ဂိုးအထိ သွင်းယူထားနိုင်ပြီး ဂိုးသွင်းဘုရင်ဆုအတွက် အပြတ်အသတ် ရေပန်းစားနေသလို၊ နာပိုလီအသင်းမှာလည်း စီးရီးအေချန်ပီယံဆု ရရှိရန်နီးစပ်နေပြီဖြစ်သည်။

ထို့ပြင် အိုဆင်မန်သည် နာပိုလီအသင်းသမိုင်းတစ်လျှောက် စီးရီးအေ (၇)ပွဲဆက် ဂိုးသွင်းယူနိုင်သည့် ပထမဆုံးကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။

ဆာဆူအိုလိုနှင့်ပွဲတွင် အိုဆင်မန်သည် ဒဏ်ရာကြောင့် ပွဲချိန် (၈၄)မိနစ်တွင် လူစားလဲခံခဲ့ရသော်လည်း ဒဏ်ရာအခြေအနေမှာ မစိုးရိမ်ရကြောင်း သိရသည်။

အိုဆင်မန်က သူ၏ Twitter မှတစ်ဆင့် ”မစိုးရိမ်ကြပါနဲ့၊ ညီအစ်ကိုတို့ရေ၊ ကျွန်တော် အဆင်ပြေပါတယ်” ဟု အသိပေးခဲ့သည်။

ကစားသမားဘဝ သွင်းဂိုး (၁၀၀) အမြန်ဆုံးပြည့်သူများ

ဟော်လန်း    –    ၁၄၆ ပွဲ

ဘာပေ    –     ၁၈၀ ပွဲ

အိုဆင်မန်    –    ၁၉၇ ပွဲ

မက်ဆီ    –    ၂၁၀ ပွဲ

အီဘရာဟီမိုဗစ်    –    ၂၄၅ ပွဲ

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments