Monday, February 9, 2026
spot_img
spot_img

ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဟု PSG တိုက်စစ်မှူး မက်ဆီ ဝန်ခံ

PSG အသင်းမှ အာဂျင်တီးနားလက်ရွေးစင်တိုက်စစ်မှူး မက်ဆီက မိမိအနေဖြင့် နှစ်ပေါင်းများစွာ ကစားနိုင်တော့မည်မထင်ကြောင်းနှင့် ကစားသမားဘဝမှ အနားယူရန် နီးကပ်လာပြီဖြစ်ကြောင်း ဝန်ခံခဲ့သည်။

အသက် (၃၅) နှစ်ကျော်ပြီဖြစ်သည့် မက်ဆီသည် အာဂျင်တီးနားအသင်းဖော်ဟောင်း လာဗက်ဇီနှင့် ပြုလုပ်ခဲ့သည့် CONMEBOL အင်တာဗျူးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

မက်ဆီက ”ဘောလုံးကို ကျွန်တော် အရမ်းချစ်ပါတယ်။ ဘောလုံးကစားရတာကို နှစ်သက်တယ်။ ဘောလုံးကြောင့် ပျော်ရွှင်ရတယ်။ ဘဝတစ်လျှောက်လုံး ကျွန်တော် လုပ်တတ်တာဆိုလို့လည်း ဘောလုံးကစားတာတစ်ခုပဲရှိတာပါ။ တကယ်လို့ ကစားသမားဘဝက အနားယူသွားရင်တောင် ကျွန်တော့်အနေနဲ့ ဘောလုံးနဲ့ ပတ်သက်မှုရှိနေဦးမှာ သေချာပါတယ်။ ဘာဖြစ်မလဲတော့ မသိပါဘူး။ ပြီးတော့ ကျွန်တော့်အနေနဲ့ သိပ်အကြာကြီး ဘောလုံးကစားနိုင်တော့မယ်လို့ မထင်ပါဘူး”ဟု ပြောကြားခဲ့သည်။

ထို့ပြင် မက်ဆီက ကစားသမားဘဝ အဆုံးသတ်ခါနီး အာဂျင်တီးနားတွင် ပြန်ကစားရန် မသေချာသေးကြောင်းလည်း ပြောကြားခဲ့သည်။

”အာဂျင်တီးနားမှာ ဘောလုံးကစားဖို့က ငယ်ဘဝအိပ်မက်ပါ။ ဒါပေမဲ့ ဘောလုံးမှာ ဖြစ်ပျက်တာတွေများတော့ ဘာတွေဖြစ်မလဲ ကျွန်တော် မသိပါဘူး။ အခုဆို ကျွန်တော့်မိသားစု၊ ကလေးတွေအပေါ်မှာလည်း မူတည်ပါတယ်။ သိပ်မကြာခင်ကမှ ကျွန်တော့်ဘဝမှာ အပြောင်းအလဲကြီးဖြစ်ပေါ်ခဲ့ပြီး ကျွန်တော်ရော၊ ကျွန်

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments