Tuesday, January 13, 2026
spot_img
spot_img

ကစားသမားတွေက အနည်းငယ် စိုးရိမ်နေပြီး လိုတာထက် စဉ်းစားလွန်းနေတယ်လို့ အမော်ရင် ဆို

မန်ချက်စတာ ယူနိုက်တက် နည်းပြသစ် ရူဘင် အမော်ရင်ရဲ့ ယူနိုင်တက် နည်းပြဘဝ ပွဲဦးထွက်ပွဲစဉ်မှာ အစ်ဝစ်ချ်တောင်းအသင်းနဲ့ ရင်ဆိုင်ခဲ့ရပြီး မားကပ်စ် ရပ်ရှ်ဖို့ဒ်က ပွဲစစချင်းမှာပဲ ဦးဆောင်ဂိုး သွင်းယူခဲ့ပေမယ့် ပထမပိုင်း ပြီးခါနီးမှာ ဟတ်ချင်ဆန်က လှလှပပ ချေပခဲ့ရင်းကနေ တစ်ဂိုးစီ သရေပွဲအဖြစ်နဲ့သာ အဆုံးသတ်ခဲ့ပါတယ်။

အစ်ဝစ်ချ်က တန်းတက်အသင်း လက်ရှိ အမှတ်ပေးဇယားရဲ့ အဆင့်(၁၈)မှာ ရပ်တည်နေတဲ့အသင်း ဖြစ်ပေမယ့်လည်း ဒီပွဲမှာတော့ ပုံစံကောင်းတစ်ခု ပြသနိုင်ခဲ့ပြီး ယူနိုက်တက် ဂိုးသမား အိုနာနာရဲ့ လက်စွမ်းပြ ကာကွယ်မှုတွေသာ မရှိခဲ့ရင် အမော်ရင်ရဲ့ တာထွက်က ရှုံးပွဲဆီကိုပါ ဦးတည်သွားနိုင်ပါတယ်။

ပွဲအပြီးမှာ နည်းပြ အမော်ရင်က “ပထမပိုင်းကို ကြည့်လိုက်မယ်ဆိုရင် ကစားသမားတွေက အနည်းငယ် စိုးရိမ်ပူပန်နေတာကို မြင်တွေ့နိုင်ပါတယ်။ မော့ဆီကို ကျွန်တော်တို့ဘက်က ဘောလုံးဝင်လုပြီးတော့ ဟတ်ချင်ဆန်ကိုလည်း ဂျွန်နီ အီဗန်စ်က pressing လုပ်ခဲ့သင့်တယ်။ ဒါပေမယ့် ကျွန်တော်တို့က training (၂)ရက်တည်းသာ လုပ်ထားခဲ့ရတာမို့ ကစားဟန်နဲ့ အနည်းငယ် အသားမကျနိုင်သေးဘဲ ရှုပ်ထွေးနေရပါတယ်။”

New Manchester United boss Ruben Amorin's United debut came against Ipswich Town

“ကျွန်တော်တို့ အချက်အလက်တွေကို ကြည့်ရမယ်။ ကြည့်ပြီးရင် အဲ့ဒါကိုလည်း နားလည်ရမယ်။ ပထမဆုံးအနေနဲ့ ပွဲကို နားလည်နိုင်ရမယ်။ ပြီးရင် ပြိုင်ဘက်က high pressure ပေးလာရင် ဒါကို ရင်ဆိုင်နိုင်ဖို့အတွက် ရုပ်ပိုင်းဆိုင်ရာအရ ပိုကောင်းအောင် လုပ်ရမယ်။ ဒါတွေ အားလုံးကို လုပ်ဆောင်ဖို့ အချိန်လိုအပ်ပါတယ်။”

“ကျွန်တော့်ကစားသမားတွေက ပွဲအကြောင်းနဲ့ ပတ်သက်ပြီး လိုတာထက် ပိုပြီး စဉ်းစားတွေးတောနေတယ်။ ဒါကလည်း ကျွန်တော်တို့အနေနဲ့ ကစားသမား အစုံအလင်နဲ့ ရှိခဲ့တာက (၂)ရက်တည်း ရှိခဲ့တာ။ ဒီထက်မက အချိန်လိုပါတယ်။ သူတို့အသင်းက ကစားသမား တစ်ဦးချင်း အခြေအနေတွေမှာ အသာရယူခဲ့တာကို ကျွန်တော်တို့ဘက်ကနေ သတိထားဖို့လိုတယ်။”

“ဒီပွဲက ခက်ခဲတဲ့ပွဲတစ်ပွဲပါ။ ကျွန်တော်တို့က ဘာဖိအားမှမရှိဘဲ ဘောလုံးတွေ ဆုံးရှုံးခဲ့ရတယ်။ ဒီလိုပွဲတွေမှာ ဘောလုံးကို ထိန်းချုပ်ထားနိုင်ဖို့ လိုအပ်တယ်။ ဒီပွဲမှာတော့ ဒီလိုမျိုးတွေ မလုပ်နိုင်ခဲ့ပေမယ့် ကစားသမားတွေက တကယ်ကို ကြိုးစား ကစားခဲ့ပါတယ်။ စိတ်ကူးသစ်တွေကိုု အခုပဲ လုပ်ဆောင်ဖို့ နောက်တစ်ဆင့် တက်လှမ်းနိုင်ဖို့ ပိုကောင်းအောင် ကြိုးစားရပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments