Tuesday, January 13, 2026
spot_img
spot_img

ကင်မစ်ချ်အတွက် အာဆင်နယ် ပေါင်(၁၂)သန်းခန့် သုံးဖွယ်ရှိ

အာဆင်နယ်အသင်းသည် ဘိုင်ယန်မြူးနစ်အသင်းမှ ဂျာမန်လက်ရွေးစင် ကွင်းလယ်ကစားသမား ကင်မစ်ချ်ကို လာမည့်နွေရာသီ အပြောင်းအရွှေ့ ကာလတွင် ခေါ်ယူနိုင်ရန်အတွက် ပေါင်(၁၂)သန်းခန့် အသုံးပြုဖွယ်ရှိနေသည်။

အသက်(၂၉)နှစ်အရွယ်ရှိ ကင်မစ်ချ်သည် လာမည့်ရာသီကုန်အထိ ဘိုင်ယန်အသင်းနှင့် စာချုပ်သက်တမ်းရှိနေပြီး အသင်းနှင့် စာချုပ်သက်တမ်းတိုးရန် ဆွေးနွေးခဲ့ရာတွင် အဆင်မပြေသောကြောင့် အပြောင်းအရွှေ့သတင်းများ ထွက်ပေါ်လာခဲ့သည်။

အာဆင်နယ်အသင်းနှင့်အပြိုင် မန်စီးတီး၊ လီဗာပူးလ်၊ ရီးယဲလ်မက်ဒရစ်နှင့် ဘာစီလိုနာစသည့် ထိပ်သီးအသင်းများကလည်း ကင်မစ်ချ်ကို ခေါ် ယူရန် စိတ်ဝင်စားလျက်ရှိသည်။

ဘိုင်ယန်အသင်းမှာမူ လာမည့်နွေရာသီတွင် သင့်တော်သည့်ကမ်းလှမ်းမှုရရှိပါက ကင်မစ်ချ်ကို ရောင်းထုတ်ရန် စီစဉ်နေပြီ ဖြစ်ကြောင်း သိရသည်။

ကင်မစ်ချ်ကိုယ်တိုင်က အသင်းပြောင်းရွှေ့ရန် ဆုံးဖြတ်ထားပြီးဖြစ်သည့်အတွက် ဘိုင်ယန်အသင်းက ကမ်းလှမ်းမှုများကို လက်ခံစဉ်းစားပေးရန် စီစဉ်ခြင်းလည်းဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments