Wednesday, January 14, 2026
spot_img
spot_img

ကင်မစ်ချ်ကို နွေမှာ အလွတ်နဲ့ ခေါ်ယူဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေတဲ့ ရီးယဲလ်

ရီးယဲလ် မက်ဒရစ်အသင်းဟာ လာမယ့် ဇွန်လမှာပဲ ဘိုင်ယန်မြူးနစ်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် ဂျာမနီ ကွင်းလယ်ကစားသမား ဂျိုရှုအာ ကင်မစ်ချ်ကို free transfer နဲ့ ခေါ်ယူသွားနိုင်ဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီလို့ ဂျာမနီ နာမည်ကျော် သတင်းစာ Blid ကနေ ဖော်ပြလာပါတယ်။

အသက်(၂၉)နှစ်အရွယ် ဂျာမနီလက်ရွေးစင် ကွင်းလယ်နဲ့ ညာနောက်ခံကစားသမား ကင်မစ်ချ်ဟာ ၂၀၁၅ခုနှစ်ကမှ လိုက်ပ်ဇစ်ကနေ ဘိုင်ယန်မြူးနစ်ဆီ ရောက်ရှိလာခဲ့တာဖြစ်ပြီး အခုဆိုရင် ကင်မစ်ချ်က ဘိုင်ယန်ကစားသမားအဖြစ် ဆယ်စုနှစ်တစ်ခုလောက်အထိတောင် ဖြတ်သန်းထားခဲ့ပြီပဲ ဖြစ်ပါတယ်။

ဒါပေမယ့် လက်ရှိမှာကတော့ ကင်မစ်ချ်ဟာ ဘိုင်ယန်နဲ့ စာချုပ်သက်တမ်း (၆)လဝန်းကျင်လောက်သာ ကျန်ရှိနေတော့ပြီး ဘိုင်ယန်ဘက်ကလည်း သူတို့ကစားသမားနဲ့ စာချုပ်သက်တမ်း တိုးမြှင့်နိုင်ဖို့ ကြိုးပမ်းနေသလို အခု ဇန်နဝါရီလအတွင်းမှာပဲ ကင်မစ်ချ်က ဘွန်ဒက်စ်လီဂါပြင်ပ ကလပ်အသင်းတွေနဲ့ပါ အပြောင်းအရွှေ့ကိစ္စတွေကို ဆွေးနွေးနိုင်တော့မှာ ဖြစ်ပါတယ်။

Real Madrid in talks to sign Joshua Kimmich 

ဘိုင်ယန်က ကင်မစ်ချ်ကို စာချုပ်သစ်ချုပ်ဆိုနိုင်ဖို့ ကြိုးပမ်းနေပေမယ့် အခုထိတော့ သဘောတူညီမှု မရထားသေးတာကြောင့် ကလပ်အသင်း တော်တော်များများက ကင်မစ်ချ် အခြေအနေကို စောင့်ကြည့်နေကြသလို Blid မီဒီယာရဲ့ ဂျာနယ်လစ် ခရစ္စတီယန် ဖော့ခ် ဖော်ပြချက်အရ ရီးယဲလ်ဟာလည်း ကင်မစ်ချ်ကို ခေါ်ယူဖို့ အကြို ဆွေးနွေးမှုတွေ ပြုလုပ်လာပါတယ်။

ကီလီယန် အမ်ဘာပေ၊ အန်တိုနီယို ရူဒီဂါနဲ့ ဒေးဗစ် အလာဘာတို့လို ကစားသမားကောင်းတွေကို အလွတ်တွေနဲ့ ခေါ်ယူထားဖူးတဲ့ ရီးယဲလ်ဟာ လာမယ့်နွေအတွက် ဘိုင်ယန်ကစားသမားတွေဖြစ်တဲ့ ဘယ်နောက်ခံလူ အယ်လ်ဖွန်ဆို ဒေးဗီးစ်နဲ့ ကင်မစ်ချ်တို့ကို ပစ်မှတ်ထားနေပေမယ့် ဒေးဗီးစ်ကတော့ လက်ရှိမှာ ဘိုင်ယန်နဲ့ သက်တမ်းတိုးဖွယ် ရှိနေတာကြောင့် ကင်မစ်ချ်ကိုသာ ပိုအာရုံစိုက်လာခဲ့ပါတယ်။

နောက်ပြီး ရီးယဲလ်က ဘိုင်ယန်ကနေ ခေါ်ယူခဲ့ဖူးတဲ့ ကွင်းလယ်လူ တိုနီ ကရူးစ် ကစားသမားဘဝကနေ အနားယူသွားချိန် အသင်းကွင်းလယ်ပိုင်းက လိုအပ်ချက်တွေ ရှိနေခဲ့တဲ့အပေါ် ကင်မစ်ချ်နဲ့ ပြန်လည် ဖာထေးသွားဖို့ ရှိနေပြီး ကင်မစ်ချ်ကလည်း ဘိုင်ယန်နဲ့သာ စာချုပ်သစ် မချုပ်ဖြစ်ခဲ့ဘူးဆိုရင် ရီးယဲလ်က သူရွေးချယ်သွားမယ့် ဦးစားပေး ကလပ်အသင်း ဖြစ်လာနိုင်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments