Thursday, October 23, 2025
spot_img
spot_img

ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် ဘင်ဖီကာလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်အား ပေါင် ၁၀၅ သန်းဖြင့် ခေါ်ယူရန် မန်ယူအသင်း စီစဉ်နေကြောင်း ပေါ်တူဂီသတင်းစာ Record ဖော်ပြ

မန်ယူအသင်းသည် အသင်းဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် ပေါ်တူဂီကလပ် ဘင်ဖီကာအသင်းမှ ပေါ်တူဂီလက်ရွေးစင်လူငယ် ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်ကို ပေါင် ၁၀၅ သန်းဖြင့် ခေါ်ယူရန် စီစဉ်နေ ကြောင်း ပေါ်တူဂီသတင်းစာ Record က ဖော်ပြခဲ့သည်။ 

မန်ယူအသင်းသည် ပြီးခဲ့သည့် ၂၀၂၂ နွေရာသီတွင် ရီးယဲလ်မက်ဒရစ်အသင်းမှ ဘရာဇီးလ်ဝါရင့်ကွင်းလယ်ကစားသမား ကက်စီမီရို (၃၂ နှစ်)အား Add-ons ကြေး များအပါအဝင် ပေါင်သန်း ၇၀ ဖြင့် ခေါ်ယူခဲ့သည်။ ကက်စီမီရိုသည် မန်ယူအသင်းတွင် လစာအများဆုံးရရှိနေသူဖြစ်ပြီး တစ်ပတ်လစာ ပေါင် ၃၇၅၀၀၀ ရရှိနေကြောင်း သိရှိရသည်။ ၎င်းသည် မန်ယူအသင်းကစားသမားဘဝ ပထမရာသီတွင် ခြေစွမ်းပြနိုင်ခဲ့ပြီး အသင်းနှင့်အတူ လိဂ်ဖလားကိုလည်း ရယူနိုင်ခဲ့သည်။ 

သို့သော် ယခုရာသီတွင်မူ ကက်စီမီရိုသည် ခြေစွမ်းပြနိုင်ခြင်း မရှိသည့်အတွက် ဝေဖန်မှုများနှင့် ရင်ဆိုင်နေရသည်။ ဘောလုံးဝေဖန်သူအဖြစ် ဆောင်ရွက်နေသည့် လီဗာပူးလ်နောက်ခံလူဟောင်း ကာရေဂါကဆိုလျှင် ကက်စီမီရိုအနေဖြင့် ယခုရာသီကုန်တွင် မန်ယူအသင်းမှထွက်ခွာပြီး အမေရိကန်မေဂျာလိဂ် သို့မဟုတ် ဆော်ဒီပရိုလိဂ်သို့ ပြောင်းရွှေ့ကစားသင့်ပြီဖြစ်ကြောင်း ပြင်းပြင်းထန်ထန်ဝေဖန်ခဲ့သည်။ 

မန်ယူအသင်း၏ ရှယ်ယာ ၂၅ ရာခိုင်နှုန်းကို ဝယ်ယူပြီး ဘောလုံးနှင့်ပတ်သက်သည့် ကိစ္စရပ်များကို ဦးစီးလုပ်ဆောင်မည့် ဆာဂျင်ရက်ကလစ်ဖ်သည် လာမည့်နွေရာသီအပြောင်းအရွှေ့ကာလတွင် အသင်းကိုအင်အားဖြည့်တင်းမှုများ ပြုလုပ်ရန် စီစဉ်နေကြောင်း သိရှိရသည်။ ရက်ကလစ်ဖ်သည် ပထမဆုံးအနေဖြင့် အသင်း၏ကွင်းလယ်ကို အင်အားဖြည့်တင်းရန် စီစဉ်နေပြီး ခြေစွမ်းကျနေသည့် ကက်စီမီရို၏နေရာတွင် အစားထိုးရန် ဆန္ဒရှိနေကြောင်း သိရှိရသည်။ ပေါ်တူဂီသတင်းစာ Record ၏ ဖော်ပြမှုအရ မန်ယူအသင်းသည် ကက်စီမီရို၏နေရာတွင် အစားထိုးရန်အတွက် ဘင်ဖီကာလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်အား ခေါ်ယူရန် စီစဉ်နေကြောင်း သိရှိရသည်။ 

အသက် ၁၉ နှစ်အရွယ်ရှိ ပေါ်တူဂီလူ ငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်သည် ယခုရာသီတွင် ဘင်ဖီကာအသင်း နှင့်တောက်ပလာသူဖြစ်ပြီး ဥရောပတွင် ထွန်းတောက်လာမည့်သူအဖြစ် သတ်မှတ်ခံထားရသူဖြစ်သည်။ ထို့ကြောင့် ၎င်းကို ခေါ်ယူရန် ဥရောပထိပ်တန်းအသင်းများစွာ စိတ်ဝင်စားနေကြပြီး မန်ယူအသင်းက လက်ဦးမှုရယူကာ ခေါ်ယူလိုနေကြောင်း သိရှိရသည်။ 

ဘင်ဖီ ကာအသင်းသည် ဥရောပထိပ်တန်းအသင်းများစွာ၏စိတ်ဝင်စားခြင်းကို ခံနေရသည့် အသင်းလူငယ်ကွင်းလယ်ကစားသမား ဂျော်အိုနေးဗက်စ်အား ၂၀၂၈ ခုနှစ်အထိ သက်တမ်းရှိ စာချုပ်တစ်ရပ်ချုပ်ဆိုထားသလို ၎င်း၏စာချုပ်လျော်ကြေးကိုလည်း ပေါင် ၁၀၅ သန်း သတ်မှတ်ထားကြောင်း သိရှိရသည်။ Record ၏ ဖော်ပြချက်အရ မန်ယူအသင်းသည် ဂျော်အိုနေးဗက်စ်အား စာချုပ်လျော်ကြေး ပေးချေကာ ခေါ်ယူရန် အသင့်ရှိနေကြောင်း သိရှိရသည်။ 

မန်ယူအသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ၎င်းနှင့်တစ်နိုင်ငံတည်းသားဖြစ်သည့် ဂျော်အိုနေးဗက်စ်သည် အနာဂတ်တွင် တောက်ပလာမည့် ကစားသမားဖြစ်ကြောင်း နှင့် မန်ယူအသင်းတွင် ၎င်းနှင့်အတူ လက်တွဲ ကစားလိုကြောင်း ပြောကြားထားသည်။ မန်ယူအသင်းသည် လာမည့်ရာသီတွင် နည်းပြအပြောင်းအလဲ ပြုလုပ်ဖွယ်ရှိသလို အသင်းကစားသမားများကို အပြောင်းအလဲပြုလုပ်ဖွယ်ရှိနေကြောင်း သိရှိရသည်။ 

မန်ယူအသင်း အနေဖြင့် ဂျော်အိုနေးဗက်စ်ကိုသာ ခေါ်ယူနိုင်ခဲ့မည်ဆိုပါက ၎င်းအနေဖြင့် လာမည့်ရာသီ မန်ယူအသင်း၏ ကွင်းလယ်တွင် နာမည်ရလာသည့် အင်္ဂလန်လူငယ်ကစားသမား မိန်နူး(၁၉ နှစ်)နှင့်အတူ တွဲဖက်ကစားရမည် ဖြစ်သည်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments