Thursday, October 2, 2025
spot_img
spot_img

ဆွန်ဟောင်မင်အား လစာတိုးပေးပြီး စာချုပ်သစ်ချုပ်ဆိုရန် စပါးအသင်း စီစဉ်နေ

အသက် (၂၆)နှစ်အရွယ်ရှိ တောင်ကိုရီးယားတောင်ပံကစားသမား ဆွန်ဟောင်မင်သည် စပါးအသင်းနှင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်၊ ဇူလိုင်လကမှ (၅)နှစ်သက်တမ်းရှိ စာချုပ်ချုပ်ဆိုခဲ့သူ ဖြစ်သည်။

ဆွန်ဟောင်မင်သည် လက်ရှိတွင် တစ်ပတ်လစာ ပေါင် (၁၁၀၀၀၀) ရှိနေသူဖြစ်ပြီး စပါးအသင်းက ၎င်းကို တစ်ပတ်လစာ ပေါင် (၁၅၀၀၀၀) အထိ ပေးချေကာ စာချုပ်သစ်ချုပ်ဆိုရန် စီစဉ်နေခြင်းဖြစ်သည်။

စပါးအသင်းဥက္ကဋ္ဌ လီဗိုင်းသည် အသင်းအတွက် အကျိုးပြုသည့်ကစားသမားများကို လစာတိုးပေးကာ စာချုပ်သစ်ချုပ်ရန် အမြဲစောင့်ကြည့်နေလေ့ရှိပြီး ယခုရာသီတွင် ခြေစွမ်းပြကစားနိုင်ခြင်းကြောင့် ပိုမိုကျော်ကြားလာသည့် ဆွန်ဟောင်မင်ကို ထိုက်တန်သည့်လစာ ပေးချေရန် စီစဉ်နေကြောင်း Daily Mail သတင်းစာက ဖော်ပြခဲ့သည်။

ဆွန်ဟောင်မင်သည် ယခုရာသီတွင် စပါးအသင်းအတွက် ပြိုင်ပွဲစုံ (၂၃)ပွဲကစားရာ (၁၆)ဂိုးအထိ သွင်းယူပေးထားနိုင်ခဲ့သည်။

ဆွန်ဟောင်မင်သည် ၂၀၁၅ ခုနှစ်၊ သြဂုတ်လ (၂၈)ရက်တွင် ဂျာမန်ကလပ် လေဗာကူဆင်အသင်းမှ စပါးအသင်းသို့ ပေါင် (၂၂) သန်းဖြင့် ပြောင်းရွှေ့လာခဲ့ပြီး အသင်းအတွက် (၄)ရာသီအတွင်း ပြိုင်ပွဲစုံ (၁၇၂) ပွဲတွင် (၆၃) ဂိုးအထိ သွင်းယူပေးထားသည်။

ထို့ပြင် ဆွန်ဟောင်မင်သည် ပရီးမီးယားလိဂ်သွင်းဂိုး (၄၁) ဂိုးဖြင့် ပြိုင်ပွဲသမိုင်း၌ အာရှကစားသမားများထဲတွင် ဂိုးသွင်းအများဆုံးကစားသမားအဖြစ် ရပ်တည်နေသူလည်း ဖြစ်သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments