ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းသည် ရိုးမားတိုက်စစ်ကစားသမား ဇာနီယိုလိုအား ခေါ်ယူရန် စောင့်ကြည့်နေကြောင်း သိရှိရသည်။
ဇာနီယိုလိုသည် ရိုးမားအသင်းနှင့် ၂၀၂၄ ခုနှစ်တွင် စာချုပ်သက်တမ်းကုန်ဆုံးမည် ဖြစ်သော်လည်း စာချုပ်သစ်အတွက် ၎င်းအလိုရှိသည့် တစ်နှစ်လုပ်ခလစာ ယူရို (၄)သန်းအား ရိုးမားအသင်းက ပေးချေရန် အခက်အခဲရှိနေသည်။

ထို့ကြောင့် အာဆင်နယ်အသင်းအနေဖြင့် လာမည့် နွေရာသီအပြောင်းရွှေ့ကာလတွင် ခေါ်ယူရန် စိတ်ဝင်စားနေခြင်းဖြစ်ကြောင်း သိရသည်။