Saturday, September 13, 2025
spot_img
spot_img

ဘာပေ၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်နှင့် ရိုဒရီဂိုတို့ကို တားဆီးရန် မဖြစ်နိုင်သော်လည်း နောက်တစ်ဆင့်တက်ရန် မျှော်လင့်ထားသည်ဟု ဂွါဒီယိုလာ ပြောကြား

မန်စီးတီးနည်းပြ ဂွါဒီယိုလာက ချန်ပီယံလိဂ် Play-offs အဆင့်တွင် ရီးယဲလ်တိုက်စစ်ကစားသမားများဖြစ်သည့် ဘာပေ၊ ဗင်နီစီယပ်စ်၊ ဘယ်လင်ဂမ်နှင့် ရိုဒရီဂိုတို့ကို တားဆီးရန် မဖြစ်နိုင်သော်လည်း နောက်တစ်ဆင့်တက်ရန် မျှော်လင့်ထားသည်ဟု ပြောကြားခဲ့သည်။

မန်စီးတီးအသင်းသည် ချန်ပီယံလိဂ်ရှုံးထွက် (၁၆)သင်းအဆင့်သို့ တက်ရောက်ခွင့်ရရှိရန်အတွက် Play-offs ပွဲစဉ် ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး အအောင်မြင်ဆုံးကလပ်ဖြစ်သည့် ရီးယဲလ်မက်ဒရစ်အသင်းနှင့် ဆုံတွေ့နေသည်။

ပထမအကျော့ကို အင်္ဂါနေ့(ယနေ့)တွင် မန်စီးတီးကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်ပြီး ဒုတိယအကျော့ကို ဖေဖော်ဝါရီ (၁၉)တွင် ရီးယဲလ်ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

ပထမအကျော့ပွဲအတွက် ပြုလုပ်ခဲ့သည့် ပွဲကြိုသတင်းစာရှင်းလင်းပွဲတွင် ဂွါဒီယိုလာက ဒုတိယအကျော့ကို အိမ်ကွင်းတွင် ကစားရမည့် အခြေအနေမှာလည်း ရီးယဲလ်အသင်းအတွက် အားသာချက်ဖြစ်ကြောင်း သုံးသပ်ပြောကြားခဲ့သည်။

”ဘောလုံးလောကမှာ ကိုယ်နဲ့ထိုက်တန်တဲ့အရာကိုပဲ ရရှိတာပါ။ ကျွန်တော်တို့ရဲ့ လိဂ်အဆင့် ရပ်တည်မှုအရ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ရီးယဲလ်မက်ဒရစ်နဲ့ ရင်ဆိုင်ရဖို့ပဲ ဖြစ်လာတာပါ။ ဒါဟာ ကျွန်တော်တို့နဲ့ ထိုက်တန်တဲ့အရာလို့ပဲ ကျွန်တော်ကတော့ ထင်ပါတယ်။ ဒုတိယအကျော့ကို အိမ်ကွင်းမှာ ကစားရတာကလည်း ပိုကောင်းပါတယ်။ အချိန်ပိုကို ကိုယ့်ပရိသတ်တွေနဲ့ ကစားရနိုင်တာကြောင့်ပါ။ ကျွန်တော်တို့က အဆင့်(၂၂)မှာသာ ရပ်တည်နိုင်ခဲ့တာကြောင့် ဘာမှ တောင်းဆိုလို့ မရပါဘူး။ ဒါပေမဲ့ ကျွန်တော်တို့အသင်းမှာ ထူးခြားတဲ့အရာတချို့ရှိနေပြီး ဒါကို လာမယ့်ပွဲမှာ သက်သေပြနိုင်ဖို့ မျှော်လင့်ပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

ထို့ပြင် ရီးယဲလ်အသင်း၏ တိုက်စစ်ကစားသမားများနှင့် ပတ်သက်၍လည်း ”ဒီကစားသမား(၄)ယောက်ကို မိနစ်(၉၀) ဒါမှမဟုတ် မိနစ်(၁၈၀) ထိန်းထားဖို့ဆိုတာ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။ ဒါကို လူတိုင်းလည်း သိပါတယ်။ ဒါကြောင့် တိုက်စစ်မှာ သူတို့ရဲ့ ပါဝင်မှုကို တတ်နိုင်သမျှ လျှော့ချနိုင်အောင်ပဲ ကြိုးစားရမှာပါ။ ဒါဟာ ခက်ခဲမှာ သေချာပါတယ်။ ဒါပေမဲ့ ကျွန်တော်ကတော့ အကောင်းမြင်ထားပါတယ်။ နောက်တစ်ဆင့်တက်နိုင်ဖို့လည်း မျှော်လင့်ထားပါတယ်”ဟု ဂွါဒီယိုလာက ပြောကြားခဲ့သည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments