Monday, October 27, 2025
spot_img
spot_img

ရုရှားမြေက ကမ်းလှမ်းမှုတစ်ခုကို ငြင်းဆန်ခဲ့ကြောင်း ပေါ့ဂ်ဘာ အတည်ပြု

ယူနိုက်တက်ကွင်းလယ်လူဟောင်း ပေါ့ဂ်ဘာက ရုရှားမြေက ကမ်းလှမ်းမှုတစ်ခုကို ငြင်းဆန်ခဲ့တယ်လို့ အတည်ပြုပြောကြားလိုက်ပါတယ်။ ဆေးသုံးစွဲမှုကြောင့် ပြင်သစ်သားဟာ ၄ နှစ်ပွဲပယ်ခံထားရပေမယ့် အခုချိန်မှာတော့ အယူခံကြောင့် ၁၈ သာကျခံရတော့မှာဖြစ်ပါတယ်။

ဒါပေမယ့် အသက် ၃၁ နှစ်သားဟာ ဂျူဗင်တပ်စ်အသင်းနဲ့ စာချုပ်ဖျက်သိမ်းထားဆဲဖြစ်ပါတယ်။ ပေါ့ဂ်ဘာအနေနဲ့ လာမယ့် ၂၀၂၅ မတ်လမှာ ကစားသမားဘဝပြန်လည်စတင်နိုင်မှာဖြစ်ပြီး အသင်းတော်တော်များများက ချိတ်ဆက်နေကြပါတယ်။ ဆော်ဒီလိဂ်အပြင် မေဂျာလိဂ် နဲ့ လီဂူးဝမ်းတို့က ချိတ်ဆက်နေသလို ရုရှားကလပ်တစ်ခုက ကမ်းလှမ်းခဲ့တာဖြစ်ပါတယ်။

“ကမ်းလှမ်းမှုတွေ လက်ခံရရှိထားပါတယ်။ စိတ်ဝင်စားဖို့ကောင်းတာတွေလည်း ရှိပါတယ်။ ရုရှားမြေကနေ ကမ်းလှမ်းမှုရရှိထားပါတယ်။ ဒါပေမယ့် အဲ့တာက ကျွန်တော့်ပစ်မှတ်မဟုတ်ပါဘူး။ ကျွန်တော်တို့မှာ အခြားပစ်မှတ်တွေရှိနေပါတယ်။ ချန်ပီယံလိဂ်မှာကစားဖို့လားဆိုတော့ ဘာလို့မဖြစ်နိုင်ရမှာလဲဗျ။ တကယ်လို့ ကမ်းလှမ်းမှုရှိလာခဲ့ရင် ကျွန်တော် လက်ခံနိုင်ပါတယ်။ ကျွန်တော်တို့ အမြဲတမ်းအကောင်းဆုံးအသင်းတွေမှာ ကစားချင်တာပါ။ အဲ့တာက ကျွန်တော့်အပေါ်မှာပဲ မူတည်တာမဟုတ်ပဲ အခြားအရာတွေအပေါ်မှာလည်း မူတည်ပါတယ်”လို့ ပေါ့ဂ်ဘာက ပြောကြားခဲ့ပါတယ်။

ပေါ့ဂ်ဘာကို မာဆေးလ်အသင်းက ချိတ်ဆက်နေပြီး တကယ်လို့ပြောင်းဖြစ်ခဲ့ရင် ယူနိုက်တက်စတားဟောင်း မေဆင်နဲ့ပေါင်းဆုံရဖွယ်ရှိနေပါတယ်။ အဲ့အပြောင်းအရွှေ့က လာမယ့် ၂၀၂၅ – ၂၆ မှာ မာဆေးလ်အသင်း ချန်ပီယံလိဂ်ဝင်ခွင့်ရ မရအပေါ်မှာ မူတည်နေပြီး ဆုဖလားအောင်မြင်မှုတွေအပေါ်မှာလည်း မူတည်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments