Tuesday, October 28, 2025
spot_img
spot_img

ရဲ့ပစ်မှတ်ကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဖိုဒန်

အစ်ဆွစ်တောင်းကို ဂိုးပြတ်အနိုင်ရပြီးနောက် မန်စီးတီးစတား ဖိုဒန်က ဒီရာသီအသင်းရဲ့ပစ်မှတ်ကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။ စီးတီးဟာ အစ်ဆွစ်တောင်းကို အဝေးကွင်းမှာသွားကန်ခဲ့ရပေမယ့် ၆ ဂိုးပြတ်အနိုင်ရခဲ့တာဖြစ်ပြီး အသင်းရဲ့ဂိုးအပြတ်ဆုံးနိုင်ပွဲဖြစ်လာခဲ့ပါတယ်။

အဆိုပါနိုင်ပွဲအပြီးမှာ အင်္ဂလန်သားက စီးတီးအသင်းရဲ့ပစ်မှတ်ကို ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ ဖိုဒန်ဟာ ဒီရာသီ ၁၁ ပွဲမှာ ၁ ဂိုးသာသွင်းယူနိုင်ခဲပေမယ့် လက်ရှိအရှိန်အဟုန်ကို ဆက်ထိန်းထားချင်နေပါတယ်။ ဒါ့အပြင် နောက်ဆုံး ၆ ပွဲမှာလည်း ၆ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပါတယ်။

“ဒီရာသီ အကောင်းဆုံးတွေထဲကတစ်ပွဲလို့ ဆိုနိုင်ပါတယ်။ အခုအရှိန်ကို ဆက်ထိန်းထားနိုင်ဖို့ လိုအပ်ပါတယ်။ အရေးပါတဲ့အချိန်မှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှုယူနိုင်ခဲ့သလို ခံစစ်ကလည်း အကောင်းဆုံးကာကွယ်နိုင်ခဲ့ပါတယ်။ ဒီနှစ်ရဲ့အကောင်းဆုံးစွမ်းဆောင်ရည်တွေထဲကတစ်ခုပါ။ ကျွန်တော်တို့ အခုအခြေအနေကို ဆက်ထိန်းထားဖို့ လိုအပ်ပါတယ်။ အရေးအကြီးဆုံးက ကစားသမားတွေ ကြံ့ခိုင်နေဖို့ပါ။ အဲ့တာအပြင် ကစားသမားတွေအနေနဲ့ ပုံစံကောင်းပြနိုင်မယ်ဆိုရင် အသင်းလည်း ပိုကောင်းလာမှာပါ။ ဂိုးသွင်းဖို့ အလျင်မလိုချိန်မှာ ကျွန်တော်တို့ ဘောလုံးပိုင်ဆိုင်မှု နဲ့ ကစားကွက်တည်ဆောက်ဖို့ လိုအပ်ပါတယ်။ စွမ်းဆောင်ရည်မကောင်းတဲ့ပွဲတွေကနေ ကျွန်တော်သင်ယူခဲ့ပါတယ်။ အခုလိုမျိုးဂိုးပြန်သွင်းနိုင်ခဲ့လို့ ကျွန်တော် အပြုံးတွေပြန်မြင်ခဲ့ရပါတယ်။ အခုအခြေအနေကို ဆက်ထိန်းထားတာမျိုး ကျွန်တော်လိုချင်ပါတယ်။ ဘာဖြစ်လာမလဲဆိုတာ မသိပေမယ့် အရေးအကြီးဆုံး အသင်းအနေနဲ့ ထိပ်ဆုံး ၄ သင်းနေရာမှာ ရပ်တည်နိုင်ဖို့ပါ”လို့ ဖိုဒန်က ပြောကြားခဲ့ပါတယ်။ စီးတီးဟာ လာမယ့်ဗုဒ္ဓဟူးနေ့မှာ ပီအက်စ်ဂျီအသင်းနဲ့ချန်ပီယံလိဂ်ပွဲကန်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments