Wednesday, March 11, 2026
spot_img
spot_img

ဘာပေကိုဝေဖန်နေတာတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လိုက်တဲ့ အွန်နရီ

အာဆင်နယ်ဂန္ထဝင်ဟောင်း အွန်နရီက ရီးရဲလ်အသင်းမှာ ရုန်းကန်နေရတဲ့ ဘာပေကိုဝေဖန်နေတာတွေနဲ့ပတ်သက်ပြီး ပြန်လည်တုံ့ပြန်လိုက်ပါတယ်။ ဘာပေဟာ ပီအက်စ်ဂျီကနေ ရီးရဲလ်အသင်းထံပြောင်းရွှေ့ပြီးနောက် အထိုင်ကျဖို့ရုန်းကန်နေရတာဖြစ်ပါတယ်။ ပြင်သစ်သားဟာ ရီးရဲလ်အတွက် လိဂ်ပွဲ ၁၇ ပွဲမှာ ၁၀ ဂိုးအထိသွင်းယူထားနိုင်ခဲ့ပေမယ့် ဝေဖန်မှုတွေနဲ့ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။

ဘာပေတစ်ယောက် ရီးရဲလ်အသင်းမှာ မတူညီတဲ့နေရာမျိုးမှာကစားနေရတာဖြစ်ပြီး ဗင်နီဆီးယက်စ်ရှိနေတာကြောင့် အထောင်တိုက်စစ်မှာ ကစားနေရတာဖြစ်ပါတယ်။ အွန်နရီက အဆိုပါအခြေအနေတွေကြောင့် ဘာပေကိုဝေဖန်နေတာနဲ့ပတ်သက်ပြီး မမျှတဘူးလို့ ခံစားနေရတာဖြစ်ပါတယ်။ ဒါ့အပြင် ပီအက်စ်ဂျီမှာတုန်းက ဘာပေရဲ့အားနည်းချက်ဆိုတာကို မမြင်ခဲ့ရဘူးလို့ ထောက်ပြခဲ့ပါတယ်။ “ဂိုးတွေကိုကြည့်လိုက်မယ်ဆိုရင် ဘာပေအနေနဲ့ ရီးရဲလ်မှာ အစမကောင်းဘူးလို့ မဆိုနိုင်ပါဘူး။ ဒါပေမယ့် အခုတော့ ပထမဆုံးကနေ နောက်ဆုံးအကြိမ်အထိ သူ့ကိုဝေဖန်နေကြပါတယ်။ လူတွေက မေးခွန်းထုတ်နေကြပါတယ်။

နံပတ် ၉ နေရာမှာကစားနေရပေမယ့် မတူညီပါဘူး။ ကျွန်တော့်အတွက် ဘာပေက ဘယ်နေရာမှာမဆိုကစားနိုင်တဲ့သူလို့ ထင်ပါတယ်။ ဒါပေမယ့် အချို့အရာတွေကို သူလေ့လာနေရဆဲပါ။ အခုလက်ရှိ ရီးရဲလ်မှာဆိုရင်လည်း သူက တိုက်စ်စနေရာမှာကစားနေရပါတယ်။ အဲ့တာက လွယ်ကူတဲ့အရာမဟုတ်ပါဘူး။ အဲ့လိုအနေအထားမှာ အချိန်ယူဖို့ လိုအပ်တာတွေရှိပါတယ်။ အထူးသဖြင့် နယ်မြေအသစ်မှာ ပိုတောင်အချိန်ယူရနိုင်ပါတယ်။ အဲ့ကနေ သင်ယူပြီး တိုးတက်လာအောင်လုပ်ရမှာပါ။

Former Arsenal legend Henry has responded to criticism of Mbappe's struggles at Real Madrid.

သူ့နေရာမှာ အခြားကစားသမားဆိုရင် ဂိုးတွေသွင်းနိုင်တယ်ပြောကြမှာပါ။ အခုတော့ သူလုပ်ပြနေတာတွေအပေါ်မူတည်ပြီး ဆုံးဖြတ်နေကြပါတယ်။ အဲ့တာက လုံးဝသာမန်ပါပဲ။
ခင်ဗျားနဲ့အသားမကျတဲ့နေရာမှာ အထိုင်ကျဖို့ဆိုတာ အချိန်ယူရပါတယ်။ သူကစားနေကြနေရာမှာဆိုရင် သူ့အားနည်းချက်ဆိုတာကို ရှာလို့တောင်မရပါဘူး။ သူကလက်ရှိကမ္ဘာ့အကောင်းဆုံးကစားသမားတွေထဲကတစ်ယောက်ဆိုတာ ကျွန်တော်တို့သိပါတယ်။ကျွန်တော် ထပ်ပြောပါမယ်။ သူ့ကိုပြင်သစ်မှာလိုပျော်ခွင့်သာပေးလိုက်ပါ။ လူသားတစ်ဦးဖြစ်တာကြောင့် အချို့နေရာမှာ လိုအပ်ချက်ရှိနေမှာပါ။ အခုလက်ရှိသူ့အခြေအနေက လုံးဝသာမန်ပါပဲ။

အချို့သူတွေက သူ့ကိုစက်ရုပ်လို့ထင်နေပါတယ်။ သူက စက်ရုပ်မဟုတ်ပါဘူး။ လူသားတစ်ဦးဖြစ်တာကြောင့် ခံစားချက်တွေက အခြားသူတွေနဲ့အတူတူပါပဲ။ အချိန်တစ်ခုကနေတစ်ခုဆိုရင် သူလည်း ဒေါသတွေပါလာနိုင်ပါတယ်”လို့ အွန်နရီက ပြောကြားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လာမယ့်ကြာသပတေးနေ့မှာ ကိုပါဒယ်ရေးပွဲအဖြစ် ဆယ်လ်တာဗီဂိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments