Sunday, March 15, 2026
spot_img
spot_img

ရီးရဲလ်မက်ဒရစ်ကို ဂိုးပြတ်ချေမှုန်းပြီး စပိန်စူပါဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးခဲ့တဲ့ ဘာစီလိုနာ

ယနေ့နံနက်ကယှဉ်ပြိုင်ခဲ့တဲ့ စပိန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ ဘာစီလိုနာဟာ အယ်လ်ကလက်စီကိုပြိုင်ဘက် ရီးရဲလ်မက်ဒရစ်ကို ၅-၂ နဲ့ဂိုးပြတ်အနိုင်ယူပြီး ဆုဖလားကို ထိုက်ထိုက်တန်တန်ဆွတ်ခူးသွားခဲ့ပါတယ်။

ယခုပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်က ဦးဆောင်ဂိုးစတင်ရရှိခဲ့တာဖြစ်ပြီး ပွဲအစ ၅ မိနစ်မှာပဲ ပြင်သစ်စူပါစတား ခီလီယန်အမ်ဘာပေက တစ်ကိုယ်တော်အစွမ်းနဲ့ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဘာစီလိုနာအနေနဲ့ ပွဲအစမိနစ်တွေမှာ ဂိုးပေါက်ခြိမ်းခြောက်မှုတွေပြုလုပ်နိုင်ခဲ့ပေမယ့် ပွဲကစားချိန် ၂၂ မိနစ်ရောက်မှ ချေပဂိုးရခဲ့ပြီး ပါရမီရှင်တောင်ပံကစားသမားလေး လာမိုင်းယာမယ်လ်က လှလှပပသွင်းယူပေးခဲ့တာဖြစ်ပါတယ်။

Barcelona beat Real Madrid to win the Spanish Super Cup

ပွဲကစားချိန် ၃၆ မိနစ်မှာတော့ ဝါရင့်တိုက်စစ်မှူး လီဝန်ဒေါစကီးက ပင်နယ်တီမှ တစ်ဆင့် ဘာစီလိုနာအတွက် ဦးဆောင်ဂိုးထပ်မံသွင်းယူနိုင်ခဲ့သလို ၃၉ မိနစ်နဲ့ အချိန်ပိုမိနစ်တွေမှာ ရာဖင်ဟာနဲ့ ဘယ်လ်ဒီတို့က နောက်ထပ်ဂိုးတွေရရှိခဲ့တာကြောင့် ပထမပိုင်းအတွင်း ရီးရဲလ်မက်ဒရစ်ကို ၄-၁ နဲ့ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။

ဒုတိယပိုင်းမှာလည်း ဘာစီလိုနာကပဲ ပဉ္စမမြောက်ဂိုး ထပ်မံရရှိခဲ့ပြီး အသင်းခေါင်းဆောင်ရာဖင်ဟာက ထပ်မံသွင်းယူပေးခဲ့တာဖြစ်ပါတယ်။ ၅၆ မိနစ်အရောက်မှာ ဘာစီလိုနာဂိုးသမား ဆက်ဇက်စ်နီ အမ်ဘာပေကို ကြမ်းကြမ်းတမ်းတမ်းဖြတ်ထုတ်ခဲ့လို့ တိုက်ရိုက်အနီကတ်ပြထုတ်ပယ်ခံခဲ့ရပေမယ့် ရီးရဲလ်မက်ဒရစ်တို့ နောက်ထပ်သွင်းဂိုး ၁ ဂိုးသာ ထပ်မံရရှိခဲ့လို့ ၅-၂ နဲ့အရေးနိမ့်ခဲ့တာဖြစ်ပါတယ်။

ယခုပွဲစဉ်မှာ အနိုင်ရခဲ့တဲ့ဘာစီလိုနာဟာ စပိန်စူပါဖလားကို စံချိန်တင် ၁၅ ကြိမ်မြောက် ဆွတ်ခူးရရှိခဲ့တာဖြစ်သလို ယာမယ်လ်အတွက်လည်း ပထမဆုံးအကြိမ် ကလပ်အသင်းနဲ့ဆုဖလားအောင်မြင်မှုစတင်ရရှိခဲ့တာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments