Friday, March 13, 2026
spot_img
spot_img

အလွတ်နဲ့ရမယ့် တော့တင်ဟမ်စတားကို မျက်စိကျနေတဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းဟာ စာချုပ်သစ်မသေချာတဲ့ တော့တင်ဟမ်အသင်းခေါင်းဆောင် ဆွန်ဟောင်မင်ကို အလွတ်နဲ့ခေါ်ယူဖို့ မျက်စိကျနေတယ်လို့ သိရပါတယ်။ ဘာစီလိုနာဟာ ဘဏ္ဍာရေးအခက်အခဲကြောင့် အိုလ်မိုကို တရားဝင်မှတ်ပုံတင်နိုင်ခြင်းမရှိသေးတာဖြစ်ပါတယ်။ အဆိုပါအခြေအနေကြောင့် လူသစ်ခေါ်ယူဖို့ လိုအပ်နေပြီး ဆွန်ကို မျက်စိကျနေတာဖြစ်ပါတယ်။

EI Nacional သတင်းဌာနရဲ့အဆိုအရ တောင်ကိုရီးယားသားဟာ ဘာစီလိုနာရဲ့ပစ်မှတ်ထဲမှာရှိနေပြီး တော့တင်ဟမ်နဲ့စာချုပ်သက်တမ်းက နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။စာချုပ်အနေအထားကြောင့် ဆွန်အနေနဲ့ လာမယ့်ဈေးကွက်ထဲမှာ ပြည်ပကလပ်အသင်းနဲ့ အကြိုသဘောတူညီမှုရယူနိုင်တာဖြစ်ပါတယ်။ စာချုပ်ထဲမှာ ပါဝင်တဲ့ ၁ နှစ်သက်တမ်းတိုးခွင့်ကို တော့တင်ဟမ်ဘက်က အသုံးချဖို့ ပြင်ဆင်နေပေမယ့် စာချုပ်ထဲမှာတော့ လက်မှတ်မထိုးရသေးတာဖြစ်ပါတယ်။

ဆွန်ဟာ တော့တင်ဟမ်အတွက် ပွဲပေါင်း ၄၃၁ ပွဲအထိ ပါဝင်ကစားထားကာ ၁၆၉ ဂိုးသွင်း ၊ ၉၀ ဂိုးဖန်တီးထားနိုင်ပါတယ်။ ဘာစီလိုနာဘက်က ချန်ပီယံလိဂ်ပုံမှန်ဝင်ခွင့်ရတာကြောင့် ဆွန်ကို ဆွဲဆောင်နိုင်ချေရှိနေပြီး တော့တင်ဟမ်က လက်ရှိအဆင့် ၁၂ နေရာမှာ ရပ်တည်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments