Wednesday, October 1, 2025
spot_img
spot_img

El Clasico ပွဲစဉ်အား ဒဏ်ရာကြောင့် ကော်တိုအာ လွဲချော်ဖွယ်ရှိနေ

ရီးယဲလ်မက်ဒရစ်အသင်း၏ ဘယ်လ်ဂျီယံလက်ရွေးစင်ဂိုးသမား ကော်တိုအာ (၃၀ နှစ်)သည် နောက်ကျောဒဏ်ရာပြဿနာကြောင့် အောက်တိုဘာ (၁၆)ရက်နေ့တွင် ယှဉ်ပြိုင်ကစားမည့် ဘာစီလိုနာနှင့် El Clasico ပွဲစဉ်အား လွဲချော်ဖွယ်ရှိနေကြောင်းသိရသည်။

ကော်တိုအာအနေဖြင့် မူလက El Clasico ပွဲစဉ်တွင် ပြန်လည်ပါဝင်နိုင်မည်ဟု မျှော်လင့်ထားသော်လည်း ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းနှင့်ရရှိခဲ့သည့် ဒဏ်ရာအခြေအနေမှာ ယင်းပွဲစဉ်အမီ ပြန်လည်ကောင်းမွန်ရန်အတွက် စောင့်ကြည့်ရဖွယ်ရှိနေကြောင်း စပိန်မီဒီယာများကဖော်ပြခဲ့ကြသည်။

ရီးယဲလ်နည်းပြ အန်ဆယ်လော့တီကမူ ယင်းပွဲတွင် ကော်တိုအာကို အသုံးပြုနိုင်မည်ဟု ယုံကြည်နေကြောင်း သိရသည်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments