Thursday, March 12, 2026
spot_img
spot_img

အာဆင်နယ်အသင်းမှာ အဖျားရောဂါပိုးကူးစက်ပြန့်ပွားမှုရှိခဲ့တယ်လို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ အာတီတာ

ဘရန့်ဖို့ဒ်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ယူဖို့အတွက် အာဆင်နယ်အသင်းရဲ့ပြင်ဆင်မှုတွေကို ဗိုင်းရပ်စ်ပိုးကူးစက်ပြန့်ပွားမှုတစ်ခုက အနှောင့်အယှက်ပြုခဲ့တယ်လို့ အာတီတာရဲ့ထုတ်ဖော်ပြောဆိုမှုအရ သိရပါတယ်။ အာဆင်နယ်ကြယ်ပွင့်အတော်များများဟာ မနေ့ညပိုင်း၊ အရေးကြီးပရီးမီးယားလိဂ်ပွဲစဉ်မတိုင်ခင် အခုအဖျားရောဂါပိုးရဲ့တိုက်ခိုက်မှုကို ခံခဲ့ရပါတယ်။

အခုကူးစက်ရောဂါပိုးကြောင့် ဂျာမန်တိုက်စစ်မှူးကိုင်ဟားဗက်ဇ်ကို နေအိမ်ဆီ ပြန်ပို့ပေးခဲ့ရသလို အင်္ဂလန်လက်ရွေးစင်ကွင်းလယ်ကစားသမားဒီကလန်ရိုက်စ်လည်း ပွဲချိန်ဒုတိယပိုင်းမှသာ အသင်းအတွက် ပါဝင်ကစားနိုင်ခဲ့ပါတယ်။ အိုဒီဂတ် ဗိုင်းရပ်စ်ကူးစက်ခံရတယ်လို့ သတင်းထွက်ခဲ့ပေမယ့် အာဆင်နယ်ကပ္ပတိန်က ပွဲထွက်ကစားသမားအဖြစ် ပါဝင်လာခဲ့ပြီး သူ့ရဲ့အမှားမှတဆင့် အမ်ဘွေမိုရဲ့ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရသလို သူ့ကိုလည်း ဒုတိယပိုင်းပွဲချိန်မှာ ပြန်လည်လူစားလဲလှယ်ခဲ့ရပါတယ်။

ဒါပေမယ့် ဗိုင်းရပ်စ်ပိုးနှိပ်စက်မှုခံနေရတဲ့ ဂန်းနားတွေက Gtech Community ကွင်းကြီးအတွင်း အမှတ်ပေးချန်ပီယံပြေးလမ်းထက် ပြန်လည်တက်လှမ်းနိုင်ဖို့အတွက် အကောင်းဆုံးပြန်လာနိုင်ခဲ့ပါတယ်။ ဂျီးဆပ်စ်၊ မီရီနိုနဲ့ မာတင်နယ်လီတို့ရဲ့သွင်းဂိုးတွေက အာဆင်နယ်အသင်း ခြေမချော်သွားအောင် ကူညီပေးခဲ့ပါတယ်။

The coronavirus outbreak has disrupted Arsenal's preparations for their 3-1 win over Brentford

အမှတ်ပေးဇယားဦးဆောင်သူ လီဗာပူးထက် တစ်ပိုပွဲကစား၊ ခြောက်မှတ်လျော့ဖြင့် ဒုတိယနေရာဆီ တက်လှမ်းလာပြီးနောက် အာတီတာက “အခုအဖျားပိုးက ကွင်းတွင်းမှာရော၊ ကွင်းပြင်ပမှာပါ ကစားသမားတွေကို ထိခိုက်စေခဲ့ပါတယ်။သိပ်တော့လည်း မစိုးရိမ်ရပါဘူး။ ဒါပေမယ့် အဆင်မပြေတာမျိုးလည်း ရှိတာပေါ့။ ကိုင်ဟားဗက်ဇ်ဆီမှာဆိုရင် ရောဂါလက္ခဏာက တော်တော်လေးကို သိသာထင်ရှားခဲ့ပါတယ်။ သူ လုံးဝနေမကောင်းပါဘူး။ သူ့ဆီမှာ ရောဂါလက္ခဏာတွေ သိသိသာသာမြင်တွေ့နေရလို့ ကားတစ်စီးနဲ့အတူ လန်ဒန်မြို့ဆီ ပြန်သွားခိုင်းခဲ့ရပါတယ်။

ဒါမျိုးတွေက ဖြစ်တက်ပါတယ်။ အခုလိုကာလမျိုးမှာ အဖျားပိုးတွေက ကိုယ့်ကို တိုက်ခိုက်တာမျိုး ရှိကောင်းရှိနိုင်ပါတယ်။ အိပ်ယာမှနိုးလာချိန် ကံမကောင်းစွာနဲ့ဘဲ အခုလိုအဖျားကူးစက်ခံရတဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်ရနိုင်လို့ ကျွန်တော်ကလည်း အသင်းလူစာရင်းကို တက်နိုင်သမျှနောက်ဆုတ်ပြီးမှသာ ထုတ်ပြန်သွားဖို့ ကြိုးစားလေ့ရှိပါတယ်”လို့ ပြောပါတယ်။

အာတီတာကိုယ်တိုင်လည်း လာမယ့်စနေနေ့၊ ဘရိုက်တန်ကို အဝေးကွင်းမှာရင်ဆိုင်ရမယ့်ပွဲစဉ်မတိုင်ခင် ဗိုင်ရပ်စ်ပိုးကူးစက်မှုအခြေအနေ လျော့နည်းသက်သာလာဖို့ မျှော်လင့်နေပါလိမ့်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments