Wednesday, March 4, 2026
spot_img
spot_img

ခရစ္စတယ်ပဲလေ့စ်နဲ့ သရေကျခဲ့တဲ့ပွဲက ရီကိုလူးဝစ်ရဲ့ အနီကတ်အကြောင်း ပြောကြားလိုက်တဲ့ ပက်ဂွါဒီယိုလာ

ရီကိုလူးဝစ်ရဲ့ ခရစ္စတယ်ပဲလေ့စ်နှင့်ပွဲတွင် အနီကတ်ပြသခံရခြင်းနှင့်ပတ်သက်ပြီး မေးမြန်းခံရသောအခါတွင် မန်စီးတီးနည်းပြ ပက်ဂွါဒီယိုလာကသတင်းထောက်တစ်ဦးအား စိတ်ရှုပ်ထွေးစေသည့် တုံ့ပြန်မှုအချို့ဖြင့် ဖြေကြားခဲ့ပါတယ်။

အသက် ၂၀ နှစ်အရွယ် ကွင်းလယ်ကစားသမားဟာ ဖူလ်ဟမ်ရဲ့အိမ်ကွင်းတွင် ကစားခဲ့တဲ့ပွဲရဲ့ ပွဲကစားချိန် ၈၄ မိနစ်တွင် ထုတ်ပယ်ခံခဲ့ရတာဖြစ်ပြီး သရေကျခဲ့ခြင်းကြောင့် ချန်ပီယံတွေဟာ ပြိုင်ပွဲစုံနောက်ဆုံး ၉ ပွဲတွင် နိုင်ပွဲ ၁ ပွဲသာရရှိထားတာဖြစ်ပါတယ်။

ချေပဂိုးပြန်သွင်းပြီး ၂ မိနစ်အကြာတွင် ဒိုင်လူကြီးအပေါ် သဘောထားကွဲလွဲစွာပြောကြားခဲ့မှုကြောင့် မိနစ် ၇၀ တွင် ပထမဆုံး အရေးယူခြင်းကိုခံခဲ့ရပါတယ်။ထို့နောက် ချာလိုဘတ်ချ်အား ကြမ်းတမ်းစွာကစားခဲ့မှုကြောင့် လူးဝစ်ဟာ သူ့ရဲ့ပရော်ဖက်ရှင်နယ်ကစားသမားဘဝရဲ့ ပထမဆုံးအနီကတ်ကို ရရှိခဲ့တာဖြစ်ပါတယ်။

Pep Guardiola speaks out on Rico Lewis  red card in draw with Crystal Palace

ဂွါဒီယိုလာအား ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး မေးခွန်းထုတ်တဲ့အခါ လျှို့ဝှက်ဆန်းကြယ်တဲ့ အဖြေတွေကို ဖြေကြားခဲ့ပြီး သူ့ရဲ့ စကားလုံးတွေနဲ့ပြောကြားပုံတွေက ရှေးရိုးဆန်ခဲ့ပါတယ်။ “အဲဒါက ရီကိုဖြစ်နေလို့ပါ” လို့ စပိန်သားနည်းပြက BBC Sport သို့ ပြောကြားခဲ့ပါတယ်။

သတင်းထောက် “တောင်းပန်ပါတယ် သေချာမကြားလိုက်ရလို့ပါ”
ဂွါဒီယိုလာ “ဒါက ရီကို” သတင်းထောက် “‘တောင်းပန်ပါတယ် ကျွန်တော် ခင်များပြောတကို နားမလည်ပါဘူး”
ဂွါဒီယိုလာ “အဲဒါက ရီကိုကြောင့်ပါ”
သတင်းထောက် “အဲဒါက ရီကိုလူးဝစ်ကြောင့် အဝါကတ်ရတယ်လို့ ခင်များကထင်တာလား”
ဂွါဒီယိုလာ “ဒါက အဝါကတ်လား”
သတင်းထောက် “မဟုတ်ဘူး အဝါကတ်လို့ ထင်သလားလို့ ကျွန်တော် ခင်များကိုမေးနေတာပါ”
ဂွါဒီယိုလာ “ဒါက ရီကိုလူးဝစ်ပါ”

ပြိုင်ပွဲစုံနောက်ဆုံး ၁၇ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ အမှတ်ပေးဇယားထိပ်ဆုံးမှာရှိနေတဲ့ လီဗာပူးနှင့် ၈ မှတ်ကွာ ပရီးမီးယားလိဂ်ရဲ့ စတုတ္ထနေရာမှာ မန်စီးတီးက ရပ်တည်နေပါတယ်။ စနေနေ့မွန်းလွဲပိုင်းတွင်ကစားမယ့် လီဗာပူး – အဲဗာတန်ပွဲကို ရွှေ့ဆိုင်းထားတာကြောင့် ဂွါဒီယိုလာရဲ့ အသင်းဟာ ၎င်းတို့ရဲ့ အမှတ်ပေးဖလားပြိုင်ဘက်များထက် စိတ်ပိုင်းဆိုင်ရာ အသာစီးရနိုင်မှုကို အသုံးမချနိုင်ခဲ့ပါဘူး။

အကယ်၍ မန်စီးတီးဟာ အနိုင်ရရှိမယ်ဆိုပါက အမှတ်ကွာဟချက်ကို လျှော့ချနိုင်မှာဖြစ်သလို ပွဲကျန် လီဗာပူးအတွက် ဖိအားများရှိလာမှာ ဖြစ်ပါတယ်။သို့သော်လည်း ယခုအချိန်တွင် အာနီစလော့ရဲ့အသင်းဟာ အမှတ်ပေးဇယားရဲ့ထိပ်မှာ ဆက်လက်ရပ်တည်နေပြီး လာမည့်စနေနေ့တွင် ဖူလ်ဟမ်နှင့် အန်ဖီးလ်တွင် ကစားမယ့်ပွဲအတွက် ပြင်ဆင်နေပြီဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments