Friday, January 16, 2026
spot_img
spot_img

ချဲလ်ဆီးအပယ်ခံ စာတာလင်ကို ခေါ်ယူရန် ကြိုးပမ်းနေကြတဲ့ ကလပ်အသင်း ၃ သင်း

စတာလင်ဟာ ယခုနွေရာသီတွင် ချဲလ်ဆီးမှထွက်ခွာရန် နည်းလမ်းရှာဖွေနေပြီး တောင်ပံကစားသမားကို ကလပ်အသင်း ၃ ခုမှ ခေါ်ယူဖို့ စိတ်ဝင်စားနေပါတယ်။

စတာလင်ဟာ ချဲလ်ဆီးနည်းပြသစ် အင်ဇိုမာရက်စ်ကာရဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်အတွက် အံ့အားသင့်ဖွယ် ချန်လှပ်ခြင်းခံခဲ့ရပါတယ်။ အင်္ဂလန်လက်ရွေးစင်ကစားသမားကို အီတလီနိုင်ငံသားနည်းပြက ရာသီသစ်အတွက် အစီအစဥ်မှာ မပါဝင်ဘူးလို့ နောက်ပိုင်းမှာ ပြောခဲ့ပါတယ်။ စတာလင်ဟာ ယခုနွေရာသီမှာ ကော့ဘ်ဟမ်နဲ့ ဝေးရာမှာ တစ်ယောက်တည်း လေ့ကျင့်ခန်းဆင်းနေပြီး နွေရာသီမှာ အသင်းကနေ ထွက်ခွာဖို့ ချဲလ်ဆီးအသင်းနဲ့ သဘောတူညီမှု ရရှိထားပါတယ်။

Daily Mail ရဲ့ ဖော်ပြချက်အရ စတာလင်ဟာ အပြောင်းအရွှေ့ဈေးကွက်မပိတ်မီ ခရစ္စတယ်ပဲလေ့စ်နဲ့ အက်စတွန်ဗီလာအသင်းတို့ရဲ့ စိတ်ဝင်စားခြင်းကို ခံနေရတယ်လို့ သိရပါတယ်။ သတင်းတွေအရတော့ ပဲလေ့စ်နဲ့ ဗီလာတို့ဟာ အပြောင်းအရွှေ့ဈေးကွက်ပိတ်တော့မယ့် တစ်ပတ်ကျော်အတွင်းမှာ သဘောတူညီချက်ရရှိရန် အမှန်တကယ်ဖြစ်နိုင်ခြေရှိမရှိကို အဖြေရှာဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ မန်စီးတီး ကြယ်ပွင့်ဟောင်းရဲ့ တစ်ပတ်လုပ်ခ ပေါင် ၃၂၅၀၀၀ ဟာ သူ့ကိုခေါ်ယူမယ့် နှစ်သင်စလုံးအတွက် အဟန့်အတား ဖြစ်စေနိုင်တဲ့ အကြီးမားဆုံး အတားအဆီး ဖြစ်တယ်လို့ သိရပါတယ်။

ချဲလ်ဆီးအသင်းကနေ ထွက်ခွာတော့မယ်လို့ ရှင်းရှင်းလင်းလင်းသိရပြီးနောက် ဂျူဗင်တပ်စ်ဟာ စတာလင်ကို ခေါ်ယူဖို့ စိတ်ဝင်စားမှု မြင့်တက်လာတယ်လို့လည်း သတင်းတွေအရ သိရပါတယ်။ သို့သော်လည်း အီတလီကလပ်ဟာ ချီယေဆာကို ဘာစီလိုနာ သို့မဟုတ် အခြားအသင်းတစ်သင်းထံ ရောင်းချမှု အပြီးသတ်မှသာ စတာလင်ကို ခေါ်ယူနိုင်မှာဖြစ်ပါတယ်။

အသက် ၂၉ နှစ်အရွယ် စတာလင်ဟာ ပုံမှန်ပွဲထွက်ခွင့်ကို အလိုရှိနေတာကြောင့် ယခုနွေရာသီတွင် အခြားကလပ်တစ်ခုသို့ ပြောင်းရွှေ့ရန် သိသိသာသာ လစာလျော့ယူမှုကို လက်ခံနိုင်ဖွယ်ရှိနေပါတယ်။ ဂျူဗင်တပ်စ်သို့ ပြောင်းရွှေ့ဖို့ထက် သူ့အနေနဲ့ အင်္ဂလန်မှာ ဆက်ရှိနေဦးမယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments