Friday, January 16, 2026
spot_img
spot_img

ဖူလ်ဟမ်နဲ့ပွဲမှာ မက်ဂွါရီကို လူစားလဲခဲ့ရတဲ့အကြောင်းအရင်းကို တန်ဟက် ရှင်းပြ

ယူနိုက်တက်နည်းပြ တန်ဟက်က ဖူလ်ဟမ်ကိုအနိုင်ရခဲ့တဲ့ပွဲမှာ မက်ဂွါရီကို လူစားလဲခဲ့ရတဲ့အကြောင်းအရင်းကို ရှင်းပြလိုက်ပါတယ်။

အင်္ဂလန်သားဟာ ဖူလ်ဟမ်နဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းတွေပြသနိုင်ခဲ့ပေမယ့် မိနစ် ၉၀ အပြည့်တော့ ပါဝင်ခွင့်မရခဲ့တာဖြစ်ပါတယ်။

တန်ဟက်ကတော့ အင်္ဂလန်သားကို ပွဲကစားချိန် ၈၁ မိနစ်မှာ ဂျွန်နီအီဗန်နဲ့လူစားလဲခဲ့ပါတယ်။ အဆိုပါလူစားလဲမှုနဲ့ပတ်သက်ပြီး တန်ဟကက်က သတင်းထောက်တွေကိုဖြေကြားရာမှာ ဒဏ်ရာကြောင့် လူစားလဲခဲ့တာမဟုတ်ဘူးလို့ ရှင်းပြခဲ့ပါတယ်။

မာကိုဆေးလ်ဗားရဲ့အသင်းကို ၁-၀ နဲ့အနိုင်ရရှိခဲ့ရာမှာ ကစားသမားသစ် ဇက်ဇ်ဇီးက အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပါတယ်။

ပွဲအပြီးသတင်းထောက်တွေကိုပြောကြားရာမှာ တန်ဟက်က “ဒဏ်ရာမရပါဘူး။ ဒါပေမယ့် ကျွန်တော်တို့သူ့ကိုလူစားလဲခဲ့တာက သူ့မှာပြဿနာရှိနေတာကြောင့်ပါ။

ဒဏ်ရာမရခင် ကြိုတင်ကာကွယ်တဲ့အနေနဲ့ လူစားလဲခဲ့တာပါ။ ဒီနေ့နိုင်ပွဲက အရမ်းအရေးကြီးပါတယ်။ မှန်ပါတယ်။ သူဒဏ်ရာမရခဲ့တာကြောင့် ကျွန်တော်ပျော်ပါတယ်”လို့ တန်ဟက်က ဖြေကြားခဲ့ပါတယ်။

ယူနိုက်တက်ဟာ လာမယ့်သြဂုတ်လ ၂၄ ရက်နေ့မှာ ဘရိုက်တန်အသင်းနဲ့အဝေးကွင်းပွဲကန်ရမှာဖြစ်ပါတယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments