Friday, January 16, 2026
spot_img
spot_img

ဗလန်စီယာနဲ့အဖွင့်ပွဲမတိုင်ခင် ပီဒရီရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်တဲ့ ဘာစီလိုနာ

ဘာစီလိုနာအသင်းကတော့ ဗလန်စီယာအသင်းနဲ့အဖွင့်ပွဲမတိုင်ခင် ပီဒရီရဲ့အခြေအနေကို ထုတ်ဖော်ပြောကြားလိုက်ပါတယ်။

ပီဒရီဟာ ယူရို ၂၀၂၄ မှာ ပုံစံကောင်းပြသနိုင်ခဲ့ပေမယ့် ကံမကောင်းစွာနဲ့ တိုနီခရူးစ်နဲ့ ထိခိုက်မိခဲ့ပြီး ဒဏ်ရာရရှိခဲ့တာဖြစ်ပါတယ်။

ကနဦးသတင်းတွေအရ ဘာစီလိုနာစတားဟာ အနည်းဆုံး ၆ လကနေ ၈ လလောက်အထိ နားရနိုင်တယ်လို့ သိရပါတယ်။

ဒါ့အပြင် စပိန်သားဟာ ဘာစီလိုနာရဲ့အမေရိကရာသီကြိုခရီးစဉ်လူစာရင်းမှာလည်း မပါဝင်လာခဲ့ပဲ အခုလအစောပိုင်းမှာ လေ့ကျင့်ခန်းပြန်ဆင်းနိုင်ခဲ့တာဖြစ်ပါတယ်။

အခုတော့ အဖွင့်ပွဲမတိုင်ခင် ဘာစီလိုနာအသင်းက ကြေညာချက်ထုတ်ပြန်ရာမှာ “ပီဒရီက ဆေးအဖွဲ့ရဲ့မီးစိမ်းပြမှုကို ရရှိခဲ့ပါတယ်။ ဗလန်စီယာနဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေပါတယ်”လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဖလစ်ရဲ့အသင်းဟာ ၂၀၂၄ – ၂၅ ရာသီအဖွင့်ပွဲမှာ ဗလန်စီယာအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။ 

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments