Friday, January 16, 2026
spot_img
spot_img

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ် ခေါ်ယူပေးဖို့ အသင်းဆီတောင်းဆိုလိုက်တဲ့ ဗန်ဒိုက်

အခုနွေရာသီကာလအတွင်း လီဗာပူးအနေဖြင့် ကစားသမားသစ် ခေါ်ယူမှုလုံးဝမရှိသေးတာကြောင့် အသင်းခေါင်းဆောင်ဗန်ဒိုက်က အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ်တွေခေါ်ယူဖို့ အသင်းဆီ တိုက်တွန်းပြောဆိုလိုက်ပါတယ်။ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်ပိတ်သိမ်းဖို့ ရက်သတ္တပတ်သုံးပတ်တိတိ ကျန်ရှိနေခြင်းနဲ့အတူ လီဗာပူးအသင်းက နည်းပြသစ်အန်းစလော့ လက်အောက်မှာ ကစားသမားသစ်ခေါ်ယူမှု လုံးဝမပြုလုပ်ရသေးပါဘူး။ 

အနီရောင်တပ်သားတွေက ရီးရဲလ်ဆိုစီဒက်ကွင်းလယ်လူဇူဘီမန်ဒီကို ခေါ်ယူနိုင်ရေး အပြင်းအထန်ချိတ်ဆက်နေပြီး စပိန်သားအတွက် စာချုပ်ဖျက်သိမ်းကြေး ယူရိုသန်း ၆၀ အထိ ပေးချေသွားလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါပေမယ့် ဗန်ဒိုက်ကတော့ တက်နိုင်သမျှအမြန်ဆုံး ကစားသမားသစ်တွေခေါ်ယူဖို့ အသင်းအကြီးအကဲတွေဆီ တိုက်တွန်းပြောဆိုလိုက်ပါတယ်။

မီဒီယာတွေနဲ့တွေ့ဆုံချိန် ဗန်ဒိုက်က “ဖြတ်ကျော်ရတော့မယ့် ဘောလုံးရာသီသစ်အပေါ် မူတည်ပြီး လက်မှတ်ရေးထိုးခေါ်ယူမှုအချို့ ပြုလုပ်သင့်တယ်လို့ ကျွန်တော်ထင်ပါတယ်။ ဒါပေမယ့် နောက်ကွယ်မှာ သူတို့ အလုပ်တွေလုပ်ဆောင်နေတယ်လို့ ကျွန်တော် ထင်ပါတယ်။ ဒီအတိုင်းပဲ အပြည့်အဝယုံကြည်ထားပါတယ်။ ပြိုင်ပွဲတိုင်းကို ယှဉ်ပြိုင်နိုင်ရေးအတွက် ဖြစ်နိုင်သမျှအကောင်းဆုံး လူစာရင်းရရှိဖို့ ကျွန်တော်တို့အတွက် အမှန်ကန်ဆုံးအရာတွေ ကလပ်အသင်းဘက်က လုပ်ဆောင်ပေးလိမ့်မယ်လို့ ယုံကြည်ထားပါတယ်။ ယုံကြည်မှုရှိနေခြင်းနဲ့အတူ ဒီကိစ္စအပေါ်မှာပဲ အဓိကအာရုံစိုက်မိနေပါတယ်။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ စောင့်ကြည့်သွားကြတာပေါ့။ နောက်ကွယ်မှာ သူတို့တွေ အပြင်းအထန်လုပ်ဆောင်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ ဘယ်လိုရလဒ်တွေ ရှိလာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်သွားရပါမယ်”လို့ ပြောပါတယ်။

အန်ဖီးလ်ကစားသမားဘ၀ စာချုပ်သက်တမ်းနောက်ဆုံးနှစ်ဆီ ဝင်ရောက်လာပြီဖြစ်လို့ ဒတ်ချ်နောက်ခံလူရဲ့ အနာဂတ်က မေးခွန်းထုတ်စရာတွေနဲ့ ကြီးကြီးမားမား ရင်ဆိုင်နေရပါတယ်။ သူ့ရဲ့အနာဂတ်နဲ့ပတ်သက်လို့ ဗန်ဒိုက်က ပွင့်ပွင့်လင်းလင်းထုတ်မပြောခဲ့ပေမယ့် လက်ရှိအချိန်ထိတော့ ကလပ်အသင်းဘက်က သူ့ဆီ စာချုပ်သစ်ကမ်းလှမ်းလာတာမျိုး မရှိသေးဘူးလို့ အကျဉ်းရုံးရှင်းပြခဲ့ပါတယ်။ 

ဗန်ဒိုက်က “ လောလောဆယ်တော့ ဘာအပြောင်းအလဲမှ မရှိသေးပါဘူး”လို့ ပြောပါတယ်။ ဒါကြောင့် နယ်သာလန်နောက်ခံလူက လာမယ့်စနေနေ့၊ အစ်ဆွစ်ချ်နဲ့ ရင်ဆိုင်ရမယ့် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲစဉ်အတွက် ကြိုတင်ပြင်ဆင်နေပါလိမ့်မယ်။

- Advertisement -
RELATED NEWS

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisment -spot_img

Most Latest News

Recent Comments